25 C
Yangon

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ် အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းဘက်သို့ စွန့်ခွာသွားဟု မြ၀တီ စစ်ရေး သတင်းရင်းမြစ် ပြောဆို၊ ထိုင်းဘက်က ယနေ့ နံနက်ပိုင်း လုံခြုံရေးများ ယခင်ထက် ပိုမိုတိုးမြှင့်

Must read

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်သည် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တစ်ဆင့်ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးစွန့်ခွာသွားကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ခလရ ၂၇၅ က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို စွန့်ခွာသွားတယ်။ ဒီဘက်ကည်း လမ်းဖွင့်ပေးတာမျိုး လုပ်ပေးလိုက်တယ်လို့ သိရတယ်။ အခု မြ၀တီမြို့ထဲမှာ BGF က အဓိက ထိန်းထားတယ်။ ဖြစ်စဉ်က နည်းနည်း ရှုပ်ထွေးနေတယ်။ ခလရ ၂၇၅ ထဲမှာလည်း BGF တချို့ရှိနေတယ်” ဟု တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်က အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် လုံခြုံရေးများကို ယမန်နေ့ ထက်တိုးမြှင့်လိုက်ကြောင်း၊ မြ၀တီမြို့ရှိ ခလရ ၂၇၅ တပ်ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း ထိုင်းသတင်းမီဒီယာများက ပထမဦးစွာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကိုမူ ပုံမှန်အတိုင်း ဆက်လက် ဖွင့်ထားဆဲဖြစ်သော်လည်း အနာဂတ်တွင် မည်သို့ မည်ပုံဆက်ဖြစ်မည်ကို မသိရှိရသေးပေ။

ဓာတ်ပုံ – မြန်မာဘက်ခြမ်းတွင် လုံခြုံရေးယူတပ်စွဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦး။

Photo By စိုးဇေယျာထွန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့စောင့်တပ် #ခလရ ၂၇၅ တပ် #ထိုင်းဘက်သို့ စွန့်ခွာ #မြ၀တီ စစ်ရေး သတင်းရင်းမြစ်

မြန်မာဘက်ခြမ်းတွင် လုံခြုံရေးယူတပ်စွဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article