26 C
Yangon

ခလရ ၂၇၅ စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရှိနေ၍ ပြည်သူများ မသွားရောက်ကြရန် KNU က သတိပေးချက် ထုတ်ပြန်

Must read

စစ်တပ်က လေကြောင်းမှ ဗုံးကျဲမှု အချိန်မရွေး လုပ်လာနိုင်၍ ပြည်သူများ သတိဖြင့် နေထိုင်ကြရန် အသိပေး

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ်၊ မြ၀တီမြို့ ခလရ ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရှိနေ၍ ပြည်သူများ မသွားရောက်ကြရန် KNU က သတိပေးချက် ထုတ်ပြန်လိုက်သည်။

မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၂၇၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြဝတီတံတားအမှတ် ၂ တွင် သွားရောက် ပုန်းရှောင်လျက်ရှိကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန်စီစဉ်လျက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက် နိုင်ခြင်းမရှိဘဲ ပိတ်မိနေလျက်ရှိကြောင်း၊ ထိုစစ်ကောင်စီတပ်များက ပြည်သူလူထုများအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် ပြည်သူလူထုများအနေဖြင့် ထိုနေရာအနီးတစ်ဝှိုက်သို့ သွားရောက်ခြင်း မပြုလုပ်ရန် အသိပေးအပ်ကြောင်း ထုတ်ပြန်သည်။

မြဝတီမြို့ရှိ တပ်စခန်းများအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာ သိမ်းအကြမ်းဖက်စစ်ကောင် စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်အသိပေးအပ်ကြောင်း KNU က ထုတ်ပြန်သည်။

ဓာတ်ပုံ – အမှတ် ၂ တံတားတွင် ရှိနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ပြေး ၂၀၀ ဦးနှင့် ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော စိမ်းလဲ့မြိုင် ကားဝင်း အပျက်စီးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ခလရ ၂၇၅ စခန်း #အမှတ် ၂ ချစ်ကြည်ရေးတံတား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article