29 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ မြ၀တီမြို့က စစ်ကောင်စီရဲ့ နောက်ဆုံး စခန်းဖြစ်တဲ့ ခလရ ၂၇၅ ကို KNLA -PDF မဟမိတ်ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီး ၊ မြ၀တီမြို့ကို ရရှိသွားပြီဖြစ်တယ်လို့ ဒီကနေ့မှာပဲ KNU က တရားဝင် ကြေညာလိုက်ပါတယ်။
  • မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကို ထိုင်းမြေပေါ်အထိ ရောက်ရှိခွင့်ပြုမှာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေကို ထိုင်းလေပိုင်နက်မှာ ပျံသန်းခွင့်မပြုဘူးလို့ ထိုင်းဝန်ကြီးချုပ်က ဒီကနေ့မှာပဲ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
  • နေပြည်တော် အေလာလေတပ်စခန်းကို ဒီကနေ့မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံး ကျရောက် ပေါက်ကွဲ ခဲ့ပြီး လေယာဉ်တွေထားတဲ့ ဟန်ကာအဆောက်အအုံတွေ ထိခိုက်ပျက်ဆီးသွားတဲ့အပြင် ၊မင်းအောင်လှိုင် နဲ့ စစ်ခေါင်းဆောင်တွေအတွက် ဆောက်ထားတဲ့ သင်္ကြန်မဏ္ဍပ်လည်း ပြိုကျသွားတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ နန့်ယား တပ်စခန်းကို KIA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ ကို အရှင်ဖမ်းမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article