38 C
Yangon

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်ကြောင်းနှင့် စစ်ကား ကို မိုင်းဆွဲ တိုက်ခိုက်၊ ကျောက်ရစ် ရဲစခန်းတွင် စစ်သား ၁ ဦး အရက်ကြောင်၍ သတ်သေ

Must read

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်ကြောင်းနှင့် စစ်ကား ကို မိုင်းဆွဲ တိုက်ခိုက်၊ ကျောက်ရစ် ရဲစခန်းတွင် စစ်သား ၁ ဦး အရက်ကြောင်၍ သတ်သေ

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများ၊ ကျေးစာကျရွာနှင့် ဂုဏ်တောကျေးရွာတို့မှ ထွက်လာသော အင်အား ၃ဝ ပါ သံပြားကာကားနှင့် အင်အား ၅၀ ပါ ခြေလျင် စစ်ကြောင်းတို့ကို ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ Regional Friend Fighters (RFF) အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကားကို ကျေးစာကျရွာနှင့် ရွှေပေကုန်းရွာ အကြားတွင် ရှေ့ထွက်မိုင်း ၁ လုံး ဖြင့်အနီးကပ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခြေလျင်စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားများ ထိမှန်လဲကျသွားသည်ကို တွေ့မြင်ခဲ့ရသော်လည်း ထိခိုက် ဒါဏ်ရာရမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းတွင် တာဝန်ကျနေသော အကြမ်းဖက် စစ်သားတစ်ဦး အရက်ကြောင်၍ ကိုယ့်ကိုကိုယ်သေနတ်ဖြင့် ပစ်သတ်ကာ သေဆုံးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်စခန်း အပြင်ဘက်အဆောင်တစ်ခု တွင်နေထိုင်သူ စစ်ကောင်စီတပ်သား စောမင်းသူသည် အရက်အလွန်အကျွံသောက်သုံးပြီး စိတ် ဖောက်ပြန်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အဆုံးစီရင်သွားကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို နံနက် ၁၁ နာရီအချိန်တွင် ချက်ချင်းသင်္ဂြုလ်ပစ်လိုက်ကြောင်း သိရသည်။

“အရက်ကြောင်တယ်ကြားတယ်၊ သူ့ကိုယ်သူသေနတ်နဲ့ပစ်သတ်သေတာ၊ နာမည်က စောမင်းသူတဲ့၊ ၁၁ နာရီလောက်မှာ သင်္ဂြိုလ်ပစ်လိုက်တယ်။ လွင်ဂူးတို့က သွားသွားချနေတော့ မဟုတ်လည်းသေ မယ့်အတူတူ သူ့ဘာသာကြောင်ပြီး သတ်သေသွားတာထင်တယ်။ တစ်ကောင်သေတော့လည်း တစ် ကောင်ရန်က အေးသွားတာပေါ့” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article