30 C
Yangon

Special Report- မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက် ကြောင်းပြန် လယ် မြေသိမ်းမှုများဖြင့် အရေး ယူ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ပြီး မိသားစုကိုလည်း အကျယ်ချုပ်ထား

Must read

Special Report- မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက် ကြောင်းပြန် လယ် မြေသိမ်းမှုများဖြင့် အရေး ယူ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ပြီး မိသားစုကိုလည်း အကျယ်ချုပ်ထား

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ရင်ဖွင့်ကြံစည်ခဲ့သည့် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က လယ်မြေသိမ်းမှုများဖြင့် နောက်ကြောင်းပြန် အမှုဖွင့်လိုက်ပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ လယ်/ဆည်ဝန်ကြီးဟောင်းလည်းဖြစ်သူ မြင့်လှိုင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆောင်ရွက်မှုများသည် ပျော့လွန်းပြီး ပြတ်ပြတ်သားသားမကိုင်တွယ်သည့်အတွက် တိုင်းပြည် ပြို ကွဲသည်အထိ ဖြစ်လာနေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ပယ်ခြင်း မပြုပါက တပ်မတော် နှင့် နိုင်ငံ၏ အနာဂတ် ပြိုလဲမည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် တိုင်ပင်ခဲ့ကြကြောင်း၊ ယင်းသို့ တိုင်ပင်မှုကို ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ပြန်လည် သိရှိပြီး မင်းအောင်လှိုင်ထံသို့ သတင်းပို့ တိုင် ကြားခဲ့ကြောင်း၊ မင်းအောင်လှိုင်က ၎င်းကို ဖြုတ်ချရန် မြင့်လှိုင်၏ ကြံစည်ပြောဆိုမှုများ အကြောင်း သိရှိသောအခါ လည်/ဆည်ဝန်ကြီးဖြစ်စဉ်က လယ် မြေသိမ်းဆည်းမှုများဖြင့် အမှုဖွင့်အရေးယူပြီး ပိုင်ဆိုင်မှုများ ချိတ်ပိတ်ရန် အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။

လည်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လယ်မြေ ၁၇၃၂ ဧကကို သားမက်ဖြစ်သူ၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့ကြောင်း၊ ထို့ကြောင့် ဦးမြင့်လှိုင်ကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ ဖြင့် အရေးယူရန် အမှုဖွင့်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ဦးမြင့်လှိုင်ရဲ့ နေအိမ်တွေ ဘဏ်အကောင့်တွေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးကိုပါ ချိတ်ပိတ်လိုက်တယ် ။ နောက်ပြီးတော့ သားမက်ကိုလည်း ဖမ်းဆီးထားတယ်။ ကျန်တဲ့မိသားစုဝင်တွေကိုတော့ အကျယ်ချုပ်ပုံစံမျိုး ထိန်းသိမ်းထားတာရှိတယ်။ ဒါနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်(ငြိမ်း)ကို ကြားဝင်ပေးဖို့ ၊ ညှိနှိုင်းပေးဖို့ ဦးမြင့်လှိုင်ဘက်က သွားပြောထားတာလည်းရှိတယ်။ အဓိက တပ်ချုပ်ကို ဖယ်ရှားဖို့ သူက စပြီး တိုင်ပင် ဆော်ဩတာ လုပ်တာကြောင့်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

မြင့်လှိုင်သည် စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်/ဆည်ဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ စိတ်ချယုံကြည်ရသော လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article