33 C
Yangon

ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိ

Must read

ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ချောင်းဦးမြို့ပေါ် စခန်းထဲမှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သား ၃ ဦးထဲမှ ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ချောင်းဦးမြို့ပေါ် စခန်းထဲကနေ ကင်းပတ်လာတဲ့ စစ်ခွေး ၃ ကောင်ကို ပစ်ခတ် တိုက်ခိုက်တ ကား ၁ စီး သိမ်းဆည်းရတယ်။ စစ်ခွေး ၃ ကောင် ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးပြီး ယခု မနက်ပိုင်းတွင် ၁ ကောင်သေဆုံးပြီး ကျန် ၂ ကောင် ဒဏ်ရာပြင်းထန်ရရှိထားတယ်။ ကျွန်တော်တို့ BLDF တပ်ခွဲ အညာမိုင်းက ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ပါသေးတယ်” ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article