30 C
Yangon

ပလမြို့ရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း ၁ အမျိုးသမီး ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ပလမြို့ရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း ၁ အမျိုးသမီး ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း ၁ အမျိုးသမီး ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပလမြို့ရဲစခန်းကို T2 Special Drone Force က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးကာ အခြား ထိခိုက်မှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကိ မြိတ်ခရိုင်တပ်ရင်း ၁ ရှိ အမျိုးသမီး ရဲဘော် ဒရုန်းတပ်ဖွဲ့ဝင်များ ကိုယ်တိုင် စစ်ဆင်ရေး၌ ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

“အခုနောက်ပိုင်း ဒရုန်းစစ်ရေးတွေမှာ တာဝန်ထမ်းဆောင်ကြတာ အဓိကအားဖြင့် အမျိုးသမီး ရဲဘော်တွေ ခင်ဗျ၊ အဓိက က ဒီနွေဦး တော်လှန်ရေးမှာ အမျိုးသမီး ရဲဘော်တွေရဲ့ အခန်းကဏ္ဍဟာလည်း အဓိက နေရာကနေ ပါဝင်နေတယ်ဆိုတာ ပြည်သူတွေလည်း သိစေချင်တယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပုလောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းအနေဖြင့် အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲရာ နေရာများနှင့် အနီးကပ် နေထိုင်ခြင်း မပြုရန် အထူးမေတ္တာရပ်ခံကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article