28 C
Yangon

မတ္တရာမြို့နယ်တွင် စစ်သား ၁ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် ၃၁ သိန်း ချီးမြှင့်

Must read

မတ္တရာမြို့နယ်တွင် စစ်သား ၁ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် ၃၁ သိန်း ချီးမြှင့်

ရန်ကုန်၊ ဧပြီ ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် ၃၁ သိန်း ချီးမြှင့်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ္တရာမြို့နယ်အတွင်း တာဝန် ထမ်းဆောင်နေသော စစ်သား ၁ ဦးသည် အကြမ်းဖက် စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များ ဖြစ်သော ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို အဓမ္မခိုးယူခြင်းနှင့် ပြည်သူလူထုကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင် နှိပ်စက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လိုခြင်း မရှိတော့သည့်အတွက် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်သား ၁ ဦးကို မတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဂုဏ်ပြုဆုငွေ ၃၁ သိန်း ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article