33 C
Yangon

ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဖာပွန်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီး

Must read

ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဖာပွန်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၂

ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၂၅၈ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ထန်းဆယ်ပင်ကျေးရွာမှ ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းကား ပစ်ခတ်နေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဝင်း၊ အသက် ၄၆ နှစ်အရွယ် ဒေါ်စန်းစန်းရီ၊ အသက် ၁၈ နှစ်အရွယ် မနှင်းထိုက်စံနှင့် အသက် ၃၇ နှစ်အရွယ် ဒေါ်လဲ့လဲ့စန်းတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေစကြိုမြောက်ဘက်ကိုလည်း ဧပြီ ၁၁ ရက်ေန့ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ ၂၅၇ တပ်မှ ပစ်ခတ်သော လက်နက်ကြီးသည် သစ်ကြီးတောရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးကာ နွားတစ်ကောင် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ၂၅၇ နှင့်၂၅၈ တပ်များမှ အကြမ်းဖက်စစ်သားများသည် မူးရူးသောက်စားကာ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များကို လက်နက်ကြီးများ ရမ်းကားပစ်ခတ်နေခြင်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများ စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU-မူတြော် ထံမှ သိရသည်။

ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Jat-Fighter လေယာဉ် ၂ စီးဖြင့် လူသောမြို့နယ်၊ ဝေါ်တကေးရွာအတွင်း ကလက်စတာဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူ စောဒီရွှေ၏ နေအိမ်နှင့် နော်လားယူဖော၏ နေအိမ် တို့ပျက်စီးခဲ့ပြီး သရက်ပင်၊ ကွမ်းပင်နှင့် ငှက်ပျောပင်များလည်းပျက်စီးကာ အိမ်မွေး ဝက် ၁ ကောင်၊ ကြက် ၄ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article