36 C
Yangon

NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် အစိုးရခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့်အဖွဲ့ တွေ့ဆုံ ဆွေးနွေး

Must read

NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် အစိုးရခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့်အဖွဲ့ တွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ ဧပြီ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရခေါင်းဆောင်များနှင့် အမေရိကန်အစိုးရ နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့်အဖွဲ့ တွေ့ဆုံ ဆွေးနွေးကြကြောင်း အမေရိကန်က တရားဝင်သတင်းထုတ်ပြန်သည်။

အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် USAIDမှ Michael Schiffer တို့က NUG အစိုးရ တာဝန်ရှိသူများနှင့်တွေ့ဆုံကြောင်း၊ NUG အစိုးရ၏ အားလုံးပါဝင်သော ဒီမိုကရက်တစ်အုပ်ချုပ်ရေး ဖော်ဆောင်ရေး ကြိုးပမ်းမှုအပေါ် အမေရိကန်က ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု သိရှိရသည်။

အမေရိကန်အနေဖြင့် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုများကို ကြိုဆိုထောက်ခံပြီး သန်းပေါင်းများစွာသော ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန်၊ အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများပေးဆောင်ရန် ဒေသန္တရ စီမံခန့်ခွဲရေးစွမ်းရည်များ တည်ဆောက်ရန်တို့ကို အကူအညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လူမျိုးစုများ၊ ဘာသာရေးအဖွဲ့များ အထူးသဖြင့် ရိုဟင်ဂျာများအပါအဝင် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများနှင့် အားလုံးပါဝင်သော မဟာမိတ် တည်ဆောက်ရန် ကြိုးပမ်းနေမှုများကို ချီးကျူးဂုဏ်ပြုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်မှုများ အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထားသူများကို လွှတ်ပေးရန်၊ ပဋိပက္ခအဆုံးသတ်ရေးနှင့် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးပေးပြောဆိုသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article