30 C
Yangon

သံဖြူဇရပ်မြို့နယ်ရှိ၊ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင် တပ်သား ၂ ဦး သေဆုံးပြီး ရဲစခန်း မီးလောင်ပျက်စီး

Must read

သံဖြူဇရပ်မြို့နယ်ရှိ၊ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင် တပ်သား ၂ ဦး သေဆုံးပြီး ရဲစခန်း မီးလောင်ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ၊ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင် တပ်သား ၂ ဦး သေဆုံးပြီး ရဲစခန်း မီးလောင်ပျက်စီး ခဲ့ကြောင်း တောင်ညိုစစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်ရှိ အနင်းရဲစခန်းကို တပ်မဟာ ၆ KNLA တပ်ရင်း-၂၇ မှ ဦးဆောင်သော တောင်ညိုစစ်ကြောင်း၏ ဒရုန်းတပ်ဖွဲ့က မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၃၄ မိနစ်ခန့်တွင် သံဖြူဇရပ်မြို့နယ်ရှိ ထင်းရှူးရဲစခန်းကို တောင်ညိုစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကာ ရဲစခန်းအဆောင်တစ်ခု မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ရဲစခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ကောင်သေတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု တောင်ညိုစစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း အဆိုပါ အနင်းကျေးရွာရဲစခန်းနှင့် ထင်းရှူးကျေးရွာ ရဲစခန်းတို့ကို တောင်ညိုစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ပျောက်ကြား စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းတို့ကြောင့်အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်မဟာ ၆၊ KNLA (တပ်ရင်း ၂၇) ၏ ဦးဆောင်မှုအောက်တွင် တောင်ညို စစ်ကြောင်းအ‌နေဖြင့် အခြား မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article