37 C
Yangon

ခလရ ၂၇၅ တပ်ဖွဲ့ဝင်များ ရှိနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်တွင် ဒရုန်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားပြီး စစ်တပ်ကလည်း ခလရ ၂၇၅ ကို ဗုံးကျဲ၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူစောင့်နေပုံရ

Must read

ခလရ ၂၇၅ တပ်ဖွဲ့ဝင်များ ရှိနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်တွင် ဒရုန်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားပြီး စစ်တပ်ကလည်း ခလရ ၂၇၅ ကို ဗုံးကျဲ၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူစောင့်နေပုံရ

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြို့စောင့်တပ်ဖြစ်သော ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲချသည့် ပေါက်ကွဲသံများ ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကျော်အချိန် စစ်ကောင်စီတပ်သားများရှိနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားသည်ဟု ကြားသိရကြောင်း၊ ထို့ပြင် ယနေ့ ညနေ ၅ နာရီ ၁၃ မိနစ်အချိန်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးက ခလရ ၂၇၅ တပ်ရှိနေသည့် ဝင်းအတွင်းသို့ ဗုံးကျဲချသွားကြောင်း သိရှိရသည်။

“အမှတ် ၂ ချစ်ကြည်ရေးတံတားအတွင်းက စစ်တပ်က စစ်ကူကို စောင့်နေကြတာမျိုးဖြစ်နေတယ်။ အဲဒီတပ်အတွင်းကိုတော့ဒရုန်းနဲ့ ဗုံးကျဲတယ်လို့ သိရတယ်။ ဘာတွေဖြစ်လာဦးမလဲတော့မသိဘူး။ မြ၀တီမှာလည်း ဒီညနေ ၅ နာရီ ၁၃ မိနစ်မှာ လေယာဉ်သံတွေနဲ့ဗုံးသံတွေကြားရတယ်။ ရဲစခန်းဘက်ကလို့ ထင်ရပေမယ့် ခလရ ၂၇၅ ကို ကျဲသွားတာလို့ပြောတယ်။ စစ်ကူစစ်ကြောင်းတွေလည်း တက်လာပြီပြောတယ် ဘာတွေဆက်ဖြစ်မလဲ မသိဘူး” ဟု မြ၀တီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြန်မာဘက်အခြမ်းမှ ပေါက်ကွဲသံများကြောင့် ညနေ ၆ နာရီကျော်လာချိန်တွင် ထိုင်းစစ်တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်တွင် လုံခြုံရေး အဆင့်မြှင့်ပြီး အသင့်ပြင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- The Reporters။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article