34 C
Yangon

ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ

Must read

ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ

■ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၃

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ ရာအကြမ်း ဖက်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကလလတ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့ဘက်သို့ စစ်ကူပေးရန် ချီတက်လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်ခြေလျင် စစ်ကြောင်းကို ပါပူရွာအနီးတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သားအများအပြားအရှင်ဖမ်းမိပြီး စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်း လိုက်နိုင် ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်နေကုန်တိုက်ပွဲဖြစ်တာ။ လက်နက်သိမ်းတာတို့ သုံ့ပန်းဖမ်းမိတာတို့က အတိအကျ မသိရ သေးဘူး၊ ဘောလခဲဘက်ကနေ တက်လာတာ။ စစ်ကြောင်းတစ်ခုလုံးကို ဖမ်းလိုက်ပြီ။ တပ်ရင်းမှူး ရော၊ ဒုရင်းမှူးရောပဲ ၅၈ ဦး၊ စစ်သုံ့ပန်းဒဏ်ရာရတာ တချို့တော့ရှိပါတယ်၊ ကျနော်တို့ရဲဘော်တွေက စစ်သားတွေကို ဆေးကုပေးနေတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်ဒဏ်ရာရတာမျိုးတော့ လေလောဆယ် မကြားမိသေးဘူး” ဟု ကလလတ မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး – ကလလတ ၊ ကရင် နီတပ်မ တော် – KA ၊ ကြယ်ဖြူတပ်ဖွဲ့ – KNSO ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း တို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ၂ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်တပ် ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့၏ ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဖားဆောင်း #စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း #တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article