29 C
Yangon

မောင်တောမြို့နယ်တွင် စစ်အင်အားနှင့်တပ်မိသားစုဝင် ၆၅၀ ဦးရှိသော ကြိမ်ချောင်း ဗျူဟာစခန်းကို AA ကသိမ်းပိုက်ရရှိ၊ အရှင်ဖမ်းမိသူများနှင့် အလောင်းအမြောက်အများ၊ လက်နက်ခဲယမ်းများရရှိ

Must read

မောင်တောမြို့နယ်တွင် စစ်အင်အားနှင့်တပ်မိသားစုဝင် ၆၅၀ ဦးရှိသော ကြိမ်ချောင်း ဗျူဟာစခန်းကို AA ကသိမ်းပိုက်ရရှိ၊ အရှင်ဖမ်းမိသူများနှင့် အလောင်းအမြောက်အများ၊ လက်နက်ခဲယမ်းများရရှိ

■ အမ်းမြို့နယ်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

ရက္ခိုင်ပြည်၊ မောင်တောမြို့ ရှိ စစ်အင်အားနှင့်တပ်မိသားစုဝင် ၆၅၀ ဦးရှိသော ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)က ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း AAက သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ်၊ ကြိမ်ချောင်းဗျူဟာစစ်စခန်းကြီးကို လချီ၍ ဝန်းရံပိတ်ဆို့ ဖြတ်တောက်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့မှတွင်မှ ထိုးစစ်ကို အရှိန်အဟုန်မြှင့်တင်ခဲ့ကြောင်း၊ ကြိမ်ချောင်း ဗျူဟာစခန်းကုန်းတွင် စစ်ကောင်စီတပ်ဖွ့်ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင် ၁၅၀ ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ အဆိုပါစခန်းမှ ဗျူဟာမှူး ဒုတိယဗိုလ် မှူးကြီး မင်းစိုး နှင့် ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး AA ၏ ထိုးစစ်ကို အသည်းအသန် ခုခံနေသောဗျူဟာစခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်းအမြောက်အမြား၊ စစ်သုံ့ပန်းတချို့နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင်ဒေသ၊ အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဧပြီလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် အမ်းမြိုနယ်၊ လုံးကျေးရွာ၏ အနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၅၀ ခန့်ပါစစ်ကြောင်း နှင့် အာရက္ခတပ်တော်တို နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတိုကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲသည်အချိန် တိုတောင်းသော်လည်း ပြင်းထန်ခဲ့ကြောင်း၊ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် နပခဌာနချုပ်ရှိရာအမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ဧပြီလ ၁၁ ရက်နေ့ ညနေ ၄ နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ မျက်မြင် ၅ ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိ ကြောင်း သိရှိရသည်။

ထို့အတူ ဧပြီလ ၁၀ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် မောင်တောမြိုနယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် ဘူးသီးတောင်-မောင်တောကျော်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ ၁ နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၆ သေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မောင်တောမြို့နယ် #ကြိမ်ချောင်း ဗျူဟာစခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article