25 C
Yangon

ပင်လောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး

Must read

ပင်လောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

ရှမ်းပြည်နယ်၊ ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် ပင်စုံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် တဦးသေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၀ ရက်နေ့ စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များက ပင်စုံကျေးရွာထဲသို့ တမင်သက်သက် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၄ နှစ်အရွယ်ရှိ ခွန်ငြိမ်းချမ်းမှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် ပင်စုံကျေးရွာမှ ပြည်သူ ၄ ဦးမှာလည်း စစ်တပ်ကပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များက ဧပြီ ၁၁ရက်နေ့တွင်လည်း ပင်စုံကျေးရွာသို့ လက် နက်ကြီးဖြင့် အကြိမ် ၂၀ နီးပါး ထပ်မံ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် ပင်စုံကျေးရွာမှ နေအိမ် ၁လုံး ပြာကျပျက်စီးခဲ့ရပြီး အခြားနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပင်လောင်း #စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article