25 C
Yangon

စစ်ကောင်စီက ဦးစီး ပြုလုပ်သော ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ စည်ကားရေး တစ်မြို့နယ်မှ လူအင်အား ၅၀ ပါသော ရေပက်ခံကားများ ထွက်ခိုင်းပြန်

Must read

စစ်ကောင်စီက ဦးစီး ပြုလုပ်သော ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ စည်ကားရေး တစ်မြို့နယ်မှ လူအင်အား ၅၀ ပါသော ရေပက်ခံကားများ ထွက်ခိုင်းပြန်

ရန်ကုန်၊ ဧပြီ ၁၃

ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးပြုလုပ်သော ရန်ကုန်တိုင်း သင်္ကြန်မဏ္ဍပ်များ စည်ကားစေရေးအတွက် မြို့နယ်တစ်ခုလျှင် လူဦးရေ ၅၀ ပါသော ရေပက်ခံကားများဖြင့် အလည်အပတ်ထွက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာဆိုင်ရာ ဝန်ထမ်းများသည် မြို့နယ်များအလိုက် မဏ္ဍပ်ရှိလျှင် သွားရောက်ရေကစားကြမည်ဖြစ်ပြီး ရေကစားရမည့် မဏ္ဍပ်မရှိလျှင် ရန်ကုန်တိုင်း ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍပ်များသို့ ခြေလျင်ဖြစ်​စေ၊ ရေပက်ခံကားဖြင့် ဖြစ်စေ ရေကစားရမည်ဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်ပြည်သူ့ရင်ပြင်မှာ တိုင်းအဖွဲ့က ရေပက် မဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေး စင်တွေ ဆောက်လုပ်ထားလို့ မြို့နယ်တိုင်းမှ တစ်မြို့နယ်ကို လူအင်အား ၅၀ ခန့်နဲ့ ရေပက်ခံကားတွေ အလှည့်ကျ ထွက်ခိုင်းတယ်”ဟု ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ထောင်နှင့်ချီသော စည်ပင်ဝန်ထမ်းများကိုလည်း ယခုသင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များသို့ သွားရောက် ပျော်ပါးကခုန်ကြရန်၊ လိုအပ်သော နေ့တွက်စရိတ်များ ထုတ်ယူနိုင်သည်ဟု ညွှန်ကြားပြောဆိုလာကြောင်း စည်ပင်ဝန်ထမ်း သတင်းရပ်ကွက်က ဆိုကြသည်။

ဓာတ်ပုံ- ယမန်နေ့ ညနေပိုင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သင်္ကြန်အတွက် ပြင်ဆင်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ #ရေပက်ခံကားများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article