30 C
Yangon

ငပလီ အပန်းဖြေ ကမ်းခြေ တည်ရှိသော သံတွဲတွင် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွား၊ ရခိုင်ပြည်တောင်ပိုင်းအထိ တိုက်ပွဲများ ကျယ်ပြန့်လာ

Must read

ငပလီ အပန်းဖြေ ကမ်းခြေ တည်ရှိသော သံတွဲတွင် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွား၊ ရခိုင်ပြည်တောင်ပိုင်းအထိ တိုက်ပွဲများ ကျယ်ပြန့်လာ

ရန်ကုန်၊ ဧပြီ ၁၃

ရခိုင်ပြည်၊ တောင်ပိုင်း သံတွဲမြို့နယ်တွင် ယနေ့ နံနက်ပိုင်း AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အထိ သံတွဲနှင့်ရွှေလှေအကြားတွင်တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာသည် သံတွဲမြို့နှင့် ၁၀ မိုင်အကွာတွင် ရှိပြီး ကွေ့ချောင်းရွာ တစ်ဖက်ကမ်း၊ စရုပ်ရွာဟောင်းတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးပစ်ခတ်သံနှင့် တွဲလိုက် ဒုံးများ ပစ်ခတ်ခဲ့ကြကြောင်း ၊ ယင်းတိုက်ပွဲတွင် AA ဘက်မှ စစ်သည်တချို့ ကျဆုံးကြောင်း သိရှိရသည်။

AA နှင့် စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားသော သံတွဲမြို့နယ်သည် နာမည်ကျော် ငပလီကမ်းခြေ တည်ရှိသော ဒေသဖြစ်ပြီး ထိတွေ့တိုက်ပွဲများမှာ ရခိုင်ပြည်နယ်တောင်ပိုင်းအထိပါ စိမ့်ဝင် ကျယ်ပြန့်လာခြင်းလည်းဖြစ်သည်။

သင်္ကြန်ကာလအတွင်းတွင်လည်း AA က လက်နက်မချသော ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ရင်းများအနေဖြင့် အချိန်မီ လက်နက်ချ အညံ့ခံရန်လည်း သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်၊ စစ်စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချ အညံ့ခံကြရန် AA က သတိပေးနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ငပလီ အပန်းဖြေ ကမ်းခြေ #ရခိုင်ပြည်တောင်ပိုင်းအထိ တိုက်ပွဲများ ကျယ်ပြန့်လာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article