25 C
Yangon

ရေကြည်တွင် စစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူး ကျော်မြင့်၏ နေအိမ်သို့ လူအုပ်စုက ဝင်ရောက်တိုက်ခိုက်မှု အုပ်ချုပ်ရေးမှူး၏သား ဒဏ်ရာရ

Must read

ရေကြည်တွင် စစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူး ကျော်မြင့်၏ နေအိမ်သို့ လူအုပ်စုက ဝင်ရောက်တိုက်ခိုက်မှု အုပ်ချုပ်ရေးမှူး၏သား ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၃

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူသစ်စုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး ကျော်မြင့်၏ နေအိမ် တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး သားဖြစ်သူ ဓားထိုးခံရသည့်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ညပိုင်း ရေကြည်မြို့နယ်၊ သံဒင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မြင့်၏ နေအိမ်သို့ အမည်မသိ ဓားကိုင်ဆောင်ထားသူများက ဝင်ရောက် တိုက်ခိုက်ကြောင်း၊ ကျော်မြင့်သည် အိမ်ထဲတွင် ထမင်းစားနေချိန် နေအိမ်ရှေ့တွင် ဖုန်းကြည့်နေသော အငယ်ဆုံးသားဖြစ်သူ ငလုံး ဓားထိုးခံရကြောင်း၊ ဒဏ်ရာရရှိသော သားဖြစ်သူကို ရေကြည်မြို့ ပြည်သူဆေးရုံကြီးက ကုသနိုင်ခြင်းမရှိသောကြောင့် ပလိပ်ဆေးရုံကြီးကို လွှဲပြောင်းထားပြီး အရေးပေါ်ကုသမှုခံယူနေရကြောင်း သိရသည်။

“ဓားနဲ့ဝင်ထိုးတာ ဘယ်သူတွေလဲဆိုတာ သူတို့မဖော်ထုတ်နိုင်ဘူး။ အုပ်ချုပ်ရေးမှူး နေအိမ်ခြံဝင်းထဲထိ ကျော်တက်ပြီး ဝင်လုပ်တာ နေအိမ်ရှေ့မှာ ဖုန်းထိုင်ကြည့်နေ့တဲ့ ငလုံးဆိုတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားကို ဓားထိသွားတယ်။ အခြေအနေ မကောင်းဘူးကြားတယ်။ အရေးပေါ်တင်ထားရတယ်။ လုပ်ချင်တာက အုပ်ချုပ်ရေးမှူးကို ထိုးချင်တာ ဒါပေမယ့် အုပ်ချုပ်ရေးမှူးက ထမင်းစားနေလို့ အိမ်ရှေ့ကို ထွက်မလာဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး နေအိမ်ကို ဓားဖြင့် ဝင်ရောက် တိုက်ခိုက်ပြီးနောက် ရဲနှင့်စစ် သားများ ကျေးရွာအတွင်းရောက်ရှိလာကာ ရွာထဲရှိ ၎င်းတို့ သံသယရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သံဒင်းကျေးရွာအုပ်ချုပ်ရေးမှူး ကျော်မြင့် နှင့်ကျေးရွာစာရေး အောင်ကိုနိုင် တို့သည် ကျေးရွာနေ ပြည်သူများအပေါ် စိတ်ဒုက္ခ အမျိုးမျိုးပေးနေသူများဖြစ်ပြီး စစ်မှုထမ်းရန် မဲနှိုက်ခိုင်းကာ ဗလာမပါဘဲ တစ်ရွာလုံး စစ်မှုထမ်းရမည်ဟု ကြွေးကြော်နေသူများဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရေကြည် #အုပ်ချုပ်ရေးမှူး ကျော်မြင့် #အုပ်ချုပ်ရေးမှူး၏သား ဒဏ်ရာရ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article