29 C
Yangon

မုံရွာမြို့တော်ခန်းမရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ ပေါက်ခေါင်းတွင် စစ်ကြောင်းကို မိုင်းခွဲမှု စစ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

မုံရွာမြို့တော်ခန်းမရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ ပေါက်ခေါင်းတွင် စစ်ကြောင်းကို မိုင်းခွဲမှု စစ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမကိုလုံခြုံရေးယူပေးနေသည့် အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်း – Chindwin Attack Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှ စတင်ပြီး မုံရွာမြို့၊ မြို့တော်ခန်းမကို တပ်စွဲ ထားသော အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး လူနာတင်ကား ၂ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ဒရုန်း ၄ စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“မြို့တော်ခန်းမကို ကျဲချတာမဟုတ်ပါဘူး။ အထိုင်စခန်းက အမှတ် ၁ ရဲစခန်းနဲ့ကပ်လျက်မှာရှိတာ၊ စစ်ရေးအဓိက နေရာနဲ့ စစ်ခွေးကား အဓိကနေရာတွေကို ကျဲချခဲ့တာ။ မြို့တော်ခန်းမကို လုံခြုံရေး ယူပေးနေတဲ့ အထိုင်စခန်းပါ” ဟု မုံရွာခရိုင်အမှတ် ၄ တပ်ရင်း – Chindwin Attack Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်(Chindwin Attack Force) တပ် ရင်း ၄ ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊ Special Guillary Force Monywa၊ မုံရွာခရိုင်တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ခွဲ ၊ မုံရွာခရိုင်တပ်ရင်း ၂၃ တပ်ခွဲ ၅ Midlane New Generation Defense Force ၊ Monywa Brave Hearts (LPDF) ၊ Sun King Envoy Monywa(LPDF) ၊ Chindwin Fighter Group ၊ Chindwin Defense Force (CDF) ၊ Salingyi Revolution Army – SRA နှင့် Fight For Freedom (F3) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် လမ်းဘေးဇရပ်၌ ကင်းပုန်းယူနေသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း ဆက် သွယ်ရေးနှင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၂ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်ပေါက်ခေါင်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ တောင်ရွာ နှင့် ပါးပြင်ရွာ အနီး လမ်းဘေးဇရပ်၌ ညဘက်ကင်းပုန်းဝတ်ရန်လာသည့် အကြမ်းဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ပြီး ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ကားဖြင့်တင်ဆောင်ကာ ပေါက်ခေါင်းဆေးရုံသို့ သယ် ဆောင်သွားကြောင်း၊ သေဆုံးခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ – PPDF တပ်ရင်း တပ်ခွဲ ၁၊ တပ်ခွဲ ၅ နွေဦးအဖွဲ့နှင့် ပေါက်ခေါင်း (ပကဖ)တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသမှ ဖီးနစ် ဒရုန်းတပ်ဖွဲ့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မုံရွာမြို့တော်ခန်းမ #စစ်တပ် အထိုင်စခန်း #စစ်ကြောင်းကို မိုင်းခွဲမှု

တောင်ပိုင်းစစ်ဒေသမှ ဖီးနစ် ဒရုန်းတပ်ဖွဲ့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article