25 C
Yangon

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ပျူစောထီးကျေးရွာရှိ စစ်တပ်ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်

Must read

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ပျူစောထီးကျေးရွာရှိ စစ်တပ်ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန့်ဘွေး ပျူစောထီးရွာရှိ အကြမ်းဖက်စစ်သားများကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ ည ၆ နာရီမှ ည ၇ နာရီခွဲ အချိန်အထိ အကြမ်းဖက်စစ်သားများအထိုင်ချရာ ဘန့်ဘွေး ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အကြမ်းဖက်စစ်သားများ၏ ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း တော်လှန်ရေးရဲဘော်များက ပြောကြားသည်။

“လက်နက်ကြီး လက်နက်ငယ်တွေ ပြန်ပစ်ခက်တာတွေရှိပါတယ်ခင်ဗျ။ စစ်ခွေးတွေ သေ မသေ မသိရသေးပါဘူးဗျ”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ ဒေါင်းမင်းတပ်ရင်း ၂၉၊ ဒေါင်းမင်းတပ်ရင်း ခွဲ၂ ၊ BNRA ၊ Black Tiger Attackers Force စသည့် မဟာမိတ်ပူပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်း ဘန်ဘွေးပျူစောထီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ပျူစောထီး နှင့်စစ်ကောင်စီတပ်များကို Black Vote Fighterအဖွဲ့နှင့် AKပြောက်ကျားတပ်ဖွဲ့၊ FBGA၊ SBTF ၊ အာဠာဝက၊ မျိုးဆက်သစ်တော်လှန်ပြောက်ကျား ၊တူမီးတပ်ဦး ၊ BDF ၊ Chindwin May Division လက် နက်ကြီးမဟာမိတ်တပ်ပေါင်းစုနှင့် တာဝေးပစ်လက်နက်ကြီး၆၀မမ၊၈၀မမ၊ဒရုန်း များဖြင့်သွားရောက်ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ကလည်း အပြန်အလှန် လက်နက်ကြီးလက်နက်ငယ် ၆၀ မမဖြင့် ပြန်လည်ပစ်ခဲ့သော်လည်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာမှု မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article