25 C
Yangon

ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို စစ်တပ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူ

Must read

ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို စစ်တပ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူ

ရန်ကုန်၊ ဧပြီ ၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို အကြမ်းဖက် စစ်တပ်က စနိုက်ပါဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့် ပျံလွန်တော်မူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်သည် ဆွမ်းဘုန်းပေးပြီး အပြန်၌ တရနာကျေးရွာနှင့် သံကလောင် အကြားရှိ လမ်းပိုင်းတစ်နေရာတွင် ဆရာတော်၏ ကားကို အကြမ်းဖက် စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရနာနဲ့ သံကလောင် အကြားက လမ်းမကြီးမှာ ပစ်ခံထိတာ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်တာ ကားမောင်းရင်းနဲ့ ပစ်ခံထိတယ်လို့ ပြောတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆရာတော်သည် နေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း လက်ရှိချိန်တွင် ဆရာတော်၏ ရုပ်အလောင်းကို သံကလောင်ကျေးရွာကို ပြန်လည် သယ်ဆောင်လာကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article