28 C
Yangon

Update News- ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ၊ လူနာတင်ကားနဲ့ စစ်ကားတွေ မြို့ထဲမှာ သွားလာနေ

Must read

Update News- ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ၊ လူနာတင်ကားနဲ့ စစ်ကားတွေ မြို့ထဲမှာ သွားလာနေ

ရန်ကုန်၊ ဧပြီ ၁၄

မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ ဒီနေ့ည ၉ နာရီ ၁၇ မိနစ်ကစတင်ပြီး ရှော့တိုက်ဒုံးပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အခု သတင်းရေးသား ဖော်ပြနေတဲ့အချိန်အထိ အပြန်အလှန် ပစ်ခတ်မှု တွေဖြစ်နေပါတယ်။

ရှော့တိုက်ဒုံးတွေက ပထမမူလက DSA ကျောင်းကို ဦးတည်ပစ်ခတ်ခဲ့ပြီးနောက်မှာတော့ အကြမ်းဖက်မင်းအောင်လှိုင် တည်းခိုနေနိုင်တဲ့ ကန်တော်ကြီးဘေးနားက စစ်တပ်နဲ့ပတ်သက်တဲ့ အဆောက်အုံဘက်တွေမှာလည်း ပစ်ခတ်မှုတွေကြောင့် ပေါက်ကွဲမှုတွေဖြစ်နေပါတယ်။

ဒီည ၉ နာရီ ၄၅ မိနစ်လောက်မှာတော့ စစ်ကားတွေ ပြင်ဦးလွင် တပ်တွေထဲက စစ်ကားတွေ သံချပ်ကာကားတွေ ထွက်လာပြီး ပြင်ဦးလွင်မြို့တစ်ခုလုံးကိုလည်း မီးဖြတ်လိုက်ပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုတွေက ဒီည ၁၀နာရီကျော်အထိ ဆက်လက်ပစ်ခတ်နေပြီး စစ်တပ်ကလည်း သေနတ်တွေနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်နေပါတယ်။

ပြင်ဦးလွင် စစ်တက္ကသိုလ်အတွင်းမှာတော့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် သင်တန်းသား စစ်သားတွေ ပြေးကြ လွှားကြ၊ လက်နက်တွေ ထစွဲကြနဲ့ ကမ္ဘာပျက်နေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီ ည ၉ နာရီ ၁၇ မိနစ်မှာ ရှော့တိုက်ဒုံး ၃ လုံး၊ ၉ နာရီ ၁၉ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၉ နာရီ ၂၇ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး ၊ ၉ နာရီ ၃၂ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ၉ နာရီ ၄၂ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ၉ နာရီ ၄၅ မိနစ်မှာတော့ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ပါတယ်။

ဒါ့အပြင် ၉ နာရီ ၄၇ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၉ နာရီ ၄၈ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ည ၁၀ နာရီမှာ ရှော့တိုက်ဒုံး ၃ လုံး ၊ ည ၁၀ နာရီ ၄ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ည ၁၀ နာရီ ၈ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး စုစုပေါင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်ထဲမှာ ဂီတပွဲလုပ်နေတာတွေလည်း ရှော့တိုက်ဒုံး ပစ်ခတ်မှုတွေကြောင့် ရုတ် ရုတ်သဲသဲနဲ့ လူစုကွဲပြီး ပြေးကြ လွှားကြ ရှိုးပွဲပါ ရပ်ဆိုင်းသွားပါတယ်။

လက်ရှိ သိရတာကတော့ ပြင်ဦးလွင်မြို့ပေါ်မှာ လူနာတင်ကားတချို့နဲ့ စစ်ကားတချို့ သွားလာနေတယ်လို့ သိရပါတယ်။

အခုသတင်းရေးသားဖော်ပြနေတဲ့အချိန်အထိ ပြင်ဦးလွင်မှာ သေနတ်သံတွေ ဆက် တိုက်ကြားနေရပြီး သင်္ကြန်ကာလ ပြင်ဦးလွင်မှာ ရောက်ရှိ အနားယူနေတဲ့ မင်းအောင်လှိုင်တော့ ကျည်ကာဝတ်ပြီး ဘန်ကာထဲ ဝင်ပုန်းနေလောက်ပြီလို့ ပြင်ဦးလွင်ပြည်သူတွေက ပြောဆိုနေကြပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရှော့တိုက်ဒုံး #ပြင်ဦးလွင် #လူနာတင်ကားနဲ့ စစ်ကား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article