29 C
Yangon

Breaking News- အကြမ်းဖက်မင်းအောင်လှိုင် ရောက်ရှိအနားယူနေသော ပြင်ဦးလွင်တွင် ယခုညပိုင်း ရှော့တိုက်ဒုံး ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး စစ် တက္ကသိုလ် ထဲသို့ ကျရောက်ပေါက်ကွဲ၊ အပြန်အလှန် ပစ်ခတ်သံများ ကြားရ

Must read

Breaking News- အကြမ်းဖက်မင်းအောင်လှိုင် ရောက်ရှိအနားယူနေသော ပြင်ဦးလွင်တွင် ယခုညပိုင်း ရှော့တိုက်ဒုံး ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး စစ် တက္ကသိုလ် ထဲသို့ ကျရောက်ပေါက်ကွဲ၊ အပြန်အလှန် ပစ်ခတ်သံများ ကြားရ

ရန်ကုန်၊ ဧပြီ ၁၄

အကြမ်းဖက် မင်းအောင်လှိုင်ရောက်ရှိ အနားယူနေသော ပြင်ဦးလွင်တွင် ယနေ့ညပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး စစ်တက္ကသိုလ်ဝင်းထဲသို့ လည်း ကျရောက်ပေါက်ကွဲမှု ရှိကာ အပြန်အလှန် ပစ်ခတ်သံများ ကြားနေရကြောင်း ပြင်ဦးလွင်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန်မှစတင်၍ ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ ဦးတည်သော ရှော့တိုက်ဒုံး ပစ်ခတ်သံများကြားရပြီး စစ်တက္ကသိုလ်ဝင်းအတွင်းတွင်လည်း ရှော့တိုက်ဒုံး ၂ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရှော့တိုက်ဒုံးပေါက်ကွဲသံများနှင့်အတူ အပြန်အလှန် ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“အခုထက်ထိဆိုရင် ပစ်နေတာ ရှော့တိုက်ဒုံး ၈ လုံးလောက်ရှိနေပြီ။ မိနစ်ပိုင်းပဲခြားပြီး ရှော့တိုက်ဒုံးတွေ ထွက်နေတာ။ စစ်တက္ကသိုလ်ဝင်းထဲကလည်း သေနတ်တွေနဲ့ပြန်ပစ်နေတယ်။ အပြင်ကလည်း ပစ်သံတွေလည်းကြားရတယ်။ အခြေအနေကတော့ ပြင်ဦးလွင်တစ်မြို့လုံး ညံနေတာပဲ။ DSA သင်္ကြန်မဏ္ဍပ်မှာ မနက်ဖြန် မင်းအောင်လှိုင် လာဖို့ ရှိတယ်ပြောတယ်” ဟု ပြင်ဦးလွင်မြို့မှ စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်ဘက်မှ စစ်ကားတချို့ ပြင်ဦးလွင်စစ်တက္ကသိုလ်ဘက်သို့ ဦးတည်၍ မောင်းနှင်သွားပြီး စစ်တက္ကသိုလ်ဝင်းအတွင်းတွင်လည်း ဂိတ်တံခါးများသို့ လက်နက်ကိုင်ဆောင်၍ စစ်သားများ ပြေးလွှား နေကြကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင် သည် ပြင်ဦးလွင်တွင် ရောက်ရှိအနားယူနေပြီး သူနှင့်အတူ စစ်ဗိုလ်ချုပ်များကို ခေါ်ဆောင်၍ တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းတွင် နေထိုင်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြင်ဦးလွင် စစ်တက္ကသိုလ်မှ အခမ်းအနားတစ်ခု ရောက်ရှိနေသော အကြမ်းဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အကြမ်းဖက်မင်းအောင်လှိုင် #ပြင်ဦးလွင် #စစ်တက္ကသိုလ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article