ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်
ရန်ကုန်၊ ဧပြီ ၁၅
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ ပူးပေါင်းပြီး မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။