30 C
Yangon

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ၃ နှစ်သားအရွယ် ကလေးငယ် ၁ ဦး ကျန်ခဲ့

Must read

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ၃ နှစ်သားအရွယ် ကလေးငယ် ၁ ဦး ကျန်ခဲ့

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ အရှေ့ဘက်ကမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနောက်ဘက်ကမ်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ချင်းတွင်းမြစ်ကမ်းဘေး ရှိ ကူးတို့ကုန်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ဦးဆန်လင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် ဦးဆန်လင်း ဦးခေါင်းကို ထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးဆန်လင်းသည် ရေလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး ၃ နှစ်သားအရွယ် ကလေးငယ် တစ်ဦးကျန်ရှိခဲ့ကြောင်း သိရှိရသည်

အလားတူ အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၃ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင် ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article