30 C
Yangon

အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့မ ရဲစခန်းနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့မ ရဲစခန်းနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့မ ရဲစခန်းနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရာတော်မြို့ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်နှင့် အရာတော်မြို့မ ရဲစခန်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းကို ကျရောက်ခဲ့သော ဗုံးသီးသည် သစ်ပင်နှင့် တိုက်မိ၍ မိုင်းချို့ယွင်းမှုဖြစ်ကာ ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ်၊ သစ်ကျင်းကျေး‌ရွာ၌ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အခြေပြု တပ်စွဲထားသော စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၂ လုံးကို ဒရုန်းဖြင့် ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေး၊ BGS Ayadaw Drone Force နှင့် Ayadaw Rocket ၊ အရာတော်မြို့နယ် ပကဖ၊တိုက်နယ် အမှတ်‌ ၄/၈ ရဲဘော်များ၊ တိုက်နယ် အမှတ် ၄/၁၁ ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့ နှင့် ဒေသခံရဲဘော် တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article