39 C
Yangon

မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သား ၃ ဦး သေနတ် ၂ လက် ယူဆောင်ပြီး ထွက်ပြေး၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲများ ထိခိုက်မှုရှိ

Must read

မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သား ၃ ဦး သေနတ် ၂ လက် ယူဆောင်ပြီး ထွက်ပြေး၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဧပြီ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သား ၃ ဦး သေနတ် ၂ လက် ယူဆောင်ပြီး ထွက်ပြေး၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သား ၃ ဦး သေနတ် ၂ လက် ယူဆောင်ပြီး ထွက်ပြေးသွားကာ ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲများ ထိခိုက်မှုရှိကြောင်း သိရသည်။

“မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှာ ဒီနေ့ မွန်းလွဲပိုင်းက အချုပ်သား ၃ ဦး သေနတ်လုပြီး အချုပ် ဖောက်ထွက်ပြေးတယ်။ သူပစ်ကိုပစ် ပစ်ကြတာ ရဲတပ်ကြပ်ကြီး ၁ ဦး ကျည်ထိမှန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထွက်ပြေးသွားသော အချုပ်သား ၃ ဦးထဲမှာ ၁ ဦးကို ရဲများက စခန်းရှေ့တွင် ပစ်သတ်လိုက်သည်ဟု သတင်းများထွက်ပေါ်နေပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် အချုပ်သား ၂ ဦးသည် လက်နက်များနှင့် လွတ်မြောက်နေသည့်အတွက် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များ ဝင်ရောက် မွှေနှောက်ရှာဖွေမှုများ၊ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article