30 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၉၇ ရဲ့ နွယ်ဂျဲဘွန် စစ်တပ် စခန်းကုန်းကို KIA နဲ့ မဟာမိတ်တပ်တွေက ဒီကနေ့မနက်မှာပဲ ထပ်မံသိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနောက်တောင်ဘက်က တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး ဝန်းကျင်သေသွားတဲ့ အပြင် လက်နက် ၃ လက်ကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ PNLA ကနေ သတင်းထုတ်ပြန်ထားပါတယ်။
  • မြန်မာပြည်သူတွေကို စစ်အာဏာရှင်စနစ်လက်အောက်ကနေ လွတ်မြောက်နိုင်ဖို့ “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSA အနေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကို ဦးဆောင် ကူညီပံ့ပိုးမှုအတွက် ဂုဏ်ယူပါတယ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article