ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ညနေပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်နှင့် စစ်မှုမထမ်းမနေရ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးသပိတ်၊ စစ်မှုမထမ်း မနေရ ဥပဒေ ဆန့်ကျင်ပွဲနှင့် KIA PDF NUG ထောက်ခံပွဲပြုလုပ်ကြသည်။
ဆန္ဒပြ ပြည်သူများက သံပုံးများ တီးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေ ခင်းသပိတ် ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက် စစ်တပ် အမြန်ကျဆုံးကာ နွေဦးတော်လှန်ရေး အမြန် အောင်မြင်စေရန် ဆုတောင်းကြကြောင်း သိရှိရသည်။