39 C
Yangon

ရေးမြို့နယ်၊ ခလရ ၂၉၉ တပ်ရင်းနှင့် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံး

Must read

ရေးမြို့နယ်၊ ခလရ ၂၉၉ တပ်ရင်းနှင့် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာရှိ ခလရ ၂၉၉ တပ်ရင်းနှင့် မလွှဲတောင်စစ်ဆေး ရေးဂိတ်ကို တိုက်ခိုက်မှု ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီမိနစ် ၂၀ အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၉ လက် အောက်ခံ ခလရ – ၂၉၉ တပ်ရင်းကို လက်နက်ကြီးဖြင့် ၁၇ ကြိမ် ၊ ဒရုန်းဖြင့် ဗုံးသီး အလုံး ၈၀ ကျဲချ ကာခြေမှုန်းရေးတပ်ဖွဲ့များကလည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခဲ့ပြီး နံနက် ၁၀ နာရီ မိနစ် ၃၀ အ ချိန်တွင် ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၁၀ နာရီ နာရီအချိန်တွင် မွန်ပြည်နယ်နှင့် တနင်္သာရီနယ်ခြားမျဉ်းပေါ်ရှိ မလွှဲတောင် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲချခဲ့ရာဗိုလ် ၁ ဦးနှင့် တပ်သား ၅ ဦးခန့်သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိကာ ရေးမြို့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ဝေဟင်တပ်ဖွဲ့ (ဒေါန တပ်ခွဲ – ၆)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – ၁ ၊ ရေးပျောက်ကျားတပ်ဖွဲ့(ဒေါနတပ်ခွဲ – ၃)YGF ၊ ကံပေါက်ဒေသပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့(ဒေါနတပ်ခွဲ – ၄) KBDF ၊ထားဝယ်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၇) DDT ၊ ရေးသိမ်းငှက် (ဒေါနလုံခြုံံရေးတပ်ခွဲ) ၊ ထားဝယ်ခရိုင် အမှတ်-၁ တပ်ရင်း(T1) နှင့် Saw Dragon Drone Force(ဒရုန်းအထူးတပ်ဖွဲ့) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က K – 8W Jet Fighter လေယာဉ် ၂ စီး ၊ Mi-35 ၁ စီး ၊ Y-12 ၁စီး စုစုပေါင်း လေယာဉ် ၄ စီး အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကိုးမိုင်ကျေးရွာ အနီးရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့မှစပြီး အမှတ် – ၈ ပြည်ထောင်စုလမ်းမကြီးအား တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့များမှ စိုးမိုးထိန်းချုပ်ထားပြီး မတ်လ – ၃၁ ရက်နေ့တွင် အမှတ် – ၈ ပြည်ထောင်စုလမ်းမကြီး အား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ အသုံးပြုရန် အသိပေးထုတ်ပြန်ထားကြောင်း၊ ကျန်းမာ ရေး နှင့်သက်ဆိုင်သည့် အရေးပေါ်ကိစ္စရပ်များအတွက် ညဘက်အချိန်များတွင်မောင်းနှင်သော လူနာ တင် ယာဉ်များအနေဖြင့် မီးများဖွင့်ကာ မှန်ချ၍မောင်းကြရန် အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article