35 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ချီပါတောင်ရွာ၊ ချီပါမြောက်ရွာ၊ ကင်ဗျားရွာ၊ အိုးဘိုရွာ၊ မင်းကုန်းနှင့် ကျည်ပွေ့ကုန်းရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင် နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက် ၈ နာရီ ခန့်က ဖောကား ၂ စီးဖြင့် အင်အား ၄ဝ ခန့်ပါ စစ်ကြောင်းသည် ရွှေဘို အနောက်ခြမ်းရှိ ရွှေဒါးဘုန်ကြီးကျောင်း ရှေ့မှ စတင်၍ မင်းကုန်းရွာ တောင်ဘက် မူး(ဆည်မြောင်)ကို ဖြတ်ပြီး နိဗ္ဗာန်စိတ်ဦး ဘုရားကုန်းပေါ်မှ နေ၍ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နောက်ချန် အင်အားကို စောင့်ဆိုင်းနေခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်တွင် ၁၂ ဘီး ကားဖြင့် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းက ထပ်မံရောက်ရှိလာပြီး အင်းအာ ၁၀၀ ကျော်ခန့်ဖြင့် ချီပါရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ချီပါရွာ ရောက်နေတဲ့ အကြမ်းဖက် စစ်ခွေးတွေ ရမ်းသမ်းပစ်လို့ ချီပါရွာရဲ့ အနောက်ဘက်က ကျည်ပွေ့ကုန်ရွာပေါ် လက်နက်ကြီးတွေကျတာတွေရှိတယ်။ လက်နက်ကြီး ၄ လုံးပစ်တာ ၁ လုံးက ချည်ပေါင်ရွက်ခူးနေတဲ့ အသက် ၄၀ အရွယ် ဒေါ်ချိုတူး ကို ကျည်ထိမှန်တယ်လို့ သိရတယ်။ ဒဏ်ရာ စိုးရိမ်ရတယ် ဆေးကုကနေတုန်းပဲ ကျွဲခြံပေါ် ၁ လုံးကျတာလည်း ကျွဲ ၃ ကောင်သေပြီး ကျွဲအများအပြား ကျည်တွေထိမှန်ထားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ညနေ ၅ နာရီခန့်အထိ ချိပါရွာ၌ရှိနေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article