28 C
Yangon

ဒီပဲယင်းမြို့သိမ်း တိုက်ပွဲဆင်နွှဲမည်ကို စစ်တပ် ထောက်ခံသူများက ကြောက်လန့်နေ၍ သတင်းမှားများ ဝါဒဖြန့်ကာ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခိုင်း

Must read

ဒီပဲယင်းမြို့သိမ်း တိုက်ပွဲဆင်နွှဲမည်ကို စစ်တပ် ထောက်ခံသူများက ကြောက်လန့်နေ၍ သတင်းမှားများ ဝါဒဖြန့်ကာ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခိုင်း

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်း တိုက်ပွဲဆင်နွှဲမည်ကို စစ်တပ် ထောက်ခံသူများက ကြောက်လန့်နေ၍ သတင်းမှားများ ဝါဒဖြန့်ကာ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခိုင်းကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့ကို တော်လှန်ရေးအဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲ တော့မည်ဟုဆိုသော စစ်တပ် ထောက်ခံသူများ၏ ဝါဒဖြန့်မှုများကြောင့် ဒီပဲယင်းမြို့နှင့် အနီးတဝိုက်ရှိကျေးရွာများဖြစ်သော အင်တန်း၊ မဲ့သယ်၊ အင်တန်းရွာနှင့် ပေါက်ပင်ကွေ့ရွာ အနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၁၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြို့ပြင်မှာ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှုတော့ မရှိဘူး။ နောက်တစ်ခါ ဆက်စပ်မှုမရှိတဲ့ ရေဦးနယ်က အဖွဲ့အစည်းနာမည်တွေနဲ့ ဘယ်နေရာရောက်နေပြီဆိုပြီး သတင်းမှားတွေ သူတို့ဖြန့်ဝေ နေ တာလည်း တွေ့ရတယ်ဗျ။ ဒီလိုအခြေအနေနဲ့ သူတို့ လာပြီးတော့တိုက်ခိုက်တာလို့ပဲ ယူဆရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က တောင်သူလုပ်ငန်းခွင်ဝင်တဲ့အချိန် ရေဝေတာတွေရှိတယ်။ နောက်တစ်ခါ ငါးရှဉ့်ထိုးတဲ့ ပြည်သူတွေ ရှိတယ်။ ဓာတ်မီးတွေ မြင်တဲ့အခါ သူတို့ စိုးရိမ်ကြောင့်ကြပြီး တော့ ဝေဟင် အကူအညီတောင်းပြီးတော့ ဝေဟင်ကနေ တိုက်ခိုက်ခိုင်းတာလို့ ယူဆရတယ်” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ပြည် သူများ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် ထောက်ခံသူများသည် တောင်သူများ ၊ ငါးရှဉ့်ဖမ်းသမားများကိုပင် စိုးရိမ်ထိန့်လန့်နေပြီး လေကြောင်း အကူအညီ တောင်းခံ၍ တိုက်ခိုက်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article