30 C
Yangon

Breaking News- မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ်၊ စစ်ကားနှင့်လူနာတင်ကားများ အဝင်အထွက်မြင်တွေ့ရဟုဆို

Must read

Breaking News- မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ်၊ စစ်ကားနှင့်လူနာတင်ကားများ အဝင်အထွက်မြင်တွေ့ရဟုဆို

ရန်ကုန်၊ ဧပြီ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားအကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူတချို့နှင့် အကျဉ်းဦးစီးဌာ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ၏ စုပေါင်း သပိတ် မှောက်သည့် ဟစ်ကြွေးသည့် အသံများကြားရကြောင်း၊ အသံများမှာ ဝေးကွာလွန်းသည့်အတွက် မည်သည့် အကြောင်းအရာကို အော်ဟစ်ဆန္ဒပြသည်ကို မသိရှိရကြောင်း၊ ယင်းနောက် စစ်ကားများ ဝင်ရောက်သွားပြီးနောက် စစ်တပ်က ပစ်ခတ်သော သေနတ်သံ အချက် အနည်းဆုံး ၂၀ ကျော်ခန့်မှ အချက် ၅၀ ကျော်အထိ ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်ထံသို့ မေးမြန်းရာ မြစ်ကြီးနားထောင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု ကြားသိရသော်လည်း အခြေအနေကို အသေးစိတ် အတိအကျ မသိရှိရသေးကြောင်း၊ ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း အတည်ပြုပြောဆိုသည်။

“မြစ်ကြီးနား.အကျဥ်းထောင်မှာ မွန်းလွဲပိုင်းကတည်းက ဆန္ဒပြတဲ့ ဆူညံသံတွေထွက်တယ်။ အဲဒီနောက်မှာ စစ်တပ်က ဝင်သွားပြီးတော့ သေနတ်ဖောက်သံတွေလည်းအချက်၅၀၊ ၁၀၀လောက်ရှိနေတယ်။ စစ်သားများကအမှောင်ထဲ ကင်းစောင့်နေပြီးတော့ လူနာတင်ကားတွေလည်း အဝင်အထွက်ရှိတယ်။ စစ်ကားတွေရော ။ လူနာတင်ကားက ၅ စီးလောက်အဝင်အထွက် လုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို အသေးစိတ် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article