35 C
Yangon

မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၂ ဦးသေဆုံးဟုဆို

Must read

မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၂ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဧပြီ ၁၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထမင်းချက်စားနေသော မီးဖိုဆောင်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့နှင့်အတူ ရွှေခြံပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၃၊ ဒေါင်းမင်းတမံ ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၊ MG6 ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖီးနစ်ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article