33 C
Yangon

မြန်မာနိုင်ငံတွင် စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းနေသဖြင့် လူငယ်များ ပုန်းရှောင်နေရပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးနေရကာ အနာဂတ်ပျောက်နေဟု ကုလသမဂ္ဂ ၂၀၂၄ လူငယ်ဖိုရမ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

Must read

ကုလသမဂ္ဂက ထိရောက်သော အရေးယူမှု ပြုလုပ်ပေးရန် တောင်းဆို

ရန်ကုန်၊ ဧပြီ ၁၉

မြန်မာနိုင်ငံတွင် စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းနေသဖြင့် လူငယ်များ ပုန်းရှောင်နေရပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးနေရကာ အနာဂတ်ပျောက်နေရသည်ဟု ကုလသမဂ္ဂ ၂၀၂၄ လူငယ်ဖိုရမ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြလိုက်ကြောင်း သိရှိရသည်။

ဧပြီလ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ “၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်” နှင့် ဆက်စပ်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း တင်ပြပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်၏ တရားမဝင်သော အတင်းအကြပ် စစ်သားစုဆောင်းရေးကြောင့် လည်း ပြည်သူများ ကြုံတွေ့နေသော ဒုက္ခကို ပိုမိုဆိုးရွားစေကြောင်း၊ လူငယ်အချို့မှာ ပုန်းရှောင်နေရပြီး အချို့မှာ ပြည်ပနိုင်ငံများကို ထွက်ပြေးကြရကြောင်း၊ မိမိတို့အနေဖြင့် လူငယ်များအား အနာဂတ်မဲ့စေသည့် ထိုသို့သော အခြေအနေဆိုး တစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ လူငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာလူငယ်များ၏ မျှော်မှန်းချက်များကို မမေ့လျော့ သင့်ပါကြောင်း၊ ထို့အတူ 2030 Agenda ကို ဗဟိုပြုလျက် “မည်သူတစ်ဦးတစ်ယောက် ကိုမျှ မချန်လှပ်ရေး” မူနှင့်အညီ လိုအပ်သော ထိရောက်သောအရေးယူမှုများကို အလျင်အမြန် ဆောင်ရွက်သင့်ပါကြောင်း ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင်ခဲ့သည့် မအောင်မြင်သော တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူငယ်လူရွယ်များအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ရင်ဆိုင်နေရကြောင်း၊ စင်စစ်အားဖြင့် မိမိတို့၏ လူငယ်များသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များကျရှုံးရေးနှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေးအတွက် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ လူငယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ UNDP စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ် ဦးရေ ထက်ဝက်ကျော်မှာ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ကျရောက်နေကြောင်း၊ ၁၂ ဒသမ ၉ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈ ဒသမ ၆ သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက် ရှိကြောင်း အလွန် အမင်း ဆင်းရဲနွမ်းပါသည့် မိသားစုများအနေဖြင့် ရွေးချယ်ရန်မရှိသဖြင့် စားသောက်ကုန်များအတွက် ငွေကြေးကျခံသုံးစွဲနိုင်မှု လျော့နည်းလာကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #သံအမတ်ကြီးဦးကျော်မိုးထွန်း #ကုလသမဂ္ဂ ၂၀၂၄ လူငယ်ဖိုရမ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article