29 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရဲ့ ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော် က သင်တန်းသူ ရဲမေတချို့ကို ကာမလိမ်လည်မှု နဲ့ အဓမ္မပြုကျင့်မှုတွေ ဖြစ်ပွားနေပြီး တိုင်ကြားမှုလည်း လုပ်လို့ မရဖြစ်နေတယ်လို့ ရဲသတင်းရင်းမြစ်နဲ့ အဓမ္မပြုကျင့်ခံရတဲ့ ကာယကံရှင် ရဲမေ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်က မြစ်ကြီးနားလေတပ်ကို ဒီကနေ့မှာပဲ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NB-PDF တပ်ဖွဲ့ ရဲ့ ဗိုလ်တောက်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကျုံဒိုးမှာ KNLA-PDF မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုပါ ဝင်ရောက်တိုက်ခိုက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ PDF တောင်ပိုင်းတိုင်း စစ်ဒေသရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article