29 C
Yangon

ချောင်းဦး၊ မုံရွာ နှင့် နွားထိုးကြီး မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်တိုက် ၁ ခု ပျက်စီး

Must read

ချောင်းဦး၊ မုံရွာ နှင့် နွားထိုးကြီး မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်တိုက် ၁ ခု ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာစခန်း၊ မုံရွာမြို့နယ်တောပုပျူရွာနှင့်မုံရွာမြို့ ကန်သာယာ ဗဟိုသင်္ကြန်မဏ္ဍပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး လက် နက်တိုက်တစ်လုံး ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက် နံနက် ၁၀ နာရီအချိန်မှ မွန်းလွဲ ၁ နာရီအချိန်အထိ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာ အ တွင်းရှိ စစ်သား၊ ရဲ၊ ပျူစောထီးများ အခြေချနေထိုင်နေရာ နေရာများကို Shar Htoo WAW” နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် “Air Bomb”၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁၄ ရက် နံနက် ၈ နာရီခန့်မှ ၉ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာမြို့နယ်၊ တောပု ပျူ ရွာ အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ အခြေချနေထိုင်နေသော နေရာများကို Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် Air Bomb ၃ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

“သင်္ကြန်မဏ္ဍပ်မှာက အထိအခိုက်စုံစမ်းလို့မရသေးဘူး၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှာကျတော့ ၃ ကောင်သေတယ်၊ ၅ ကောင်ဒဏ်ရာရတယ်။ တောပုရွာမှာက ၂ ကောင်သေတယ်၊ လက်နက်တိုက် ပျက်စီးသွားတယ်၊ လက်နက်တိုက်ထဲသိမ်းထားတဲ့ ကျည်တွေပါပေါက်ထွက်ကုန်တာ၊ အမိုးတွေ လည်းပျက်စီးသွားတယ်၊ ဗုံးသီးက ကျည်တွေထားတဲ့နေရာကျကွဲလို့ထင်တယ်၊ ဗုံးသီးတွေတော့ မပေါက်ကွဲဘူး၊ ဗုံးသီးထားတဲ့နေရာနဲ့ ဝေးလို့ဖြစ်တမယ်၊ မဟုတ်ရင်တော့ ကွဲကုန်မှာ” ဟု မြောင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဧပြီလ ၁၄ ညနေခ ၄ နာရီအချိန်ခန့် မှ ၅ နာရီအချိန်ခန့် အထိ မုံရွာမြို့ ကန်သာယာ ဗဟို မဏ္ဍပ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ M9၊ ပျူစောထီးများကို Shar Htoo Waw နည်းပညာတိုက် ခိုက်ရေး Fixed Wings Droneများဖြင့် M9 ဗုံသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီ တပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုများကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ -MSPDF/MSDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲများ ဖြစ်ကြသော စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ် ရင်း-တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ ၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း၊ URBAN HUNTER FORCE(UHF) ၊ SHINING STARS ၊ Meikhtila Special Force နှင့် မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာ ဘုန်းကြီးကျောင်းဝင်း၌ တပ်စွဲထားသော စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း) ထံမှ သိရသည်။

ဧပြီလ ၁၈ ရက်နေ့တွင် နွားထိုးကြီးမြိုနယ်၊ ရွာကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း၀င်းအတွင်း တပ်စွဲ ထားသော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်သားများကို Fixed Wings ဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့်အတူ Myingyan District Drone Strike (MDDS) ၊ မလိူင်မြိုနယ်ပကဖ(MHLG Wings) ၊ ဗိုလ်စားပြောက် ကြားတပ်ဖွဲ့ (မြင်းခြံ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article