33 C
Yangon

ရန်ကုန်-လှိုင်သာယာ ကူးသန်းသွားလာသည့် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျာတံတား ၃ စင်းလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ပြီး သံဆူးကြိုးများပါ ချထား၊ မည်သည့်အတွက်ကြောင့် တံတား ၃ စင်းလုံး ပိတ်သည်ကို မသိရသေး

Must read

ရန်ကုန်-လှိုင်သာယာ ကူးသန်းသွားလာသည့် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျာတံတား ၃ စင်းလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ပြီး သံဆူးကြိုးများပါ ချထား၊ မည်သည့်အတွက်ကြောင့် တံတား ၃ စင်းလုံး ပိတ်သည်ကို မသိရသေး

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ အင်းစိန်-လှိုင်သာယာ ကူးသန်းသွားလာသည့် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျာတံတား ၃ စင်းလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီကျော်အချိန်မှစတင်ပြီး ရုတ်တရက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လှိုင်သာယာ-အင်းစိန်ကူးသန်းသွားလာသည့် အောင်ဇေယျတံတား၊ မရမ်းကုန်း-လှိုင်သာယာ ကူးသန်းသွားလာသည့် ဘုရင့်နောင်တံတား၊ ရွှေပြည်သာ- လှိုင်သာယာ ကူးသန်းသွားလာနေသည့် ရွှေပြည်သာတံတား ၃ စင်းလုံးကို စစ်တပ်က ကားများနှင့် ကန့်လန့်ရပ်၍ ပိတ်ဆို့ခြင်း၊ သံဆူးကြိုးများဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တံတားပေါ်မယ် သံဆူးကြိုးများပါ ချထားပြီး ဘာလို့ တံတား ၂ စင်းလုံး ပိတ်တာလဲ မသိရသေးဘူး။ ဒီနေ့ည ၆နာရီခွဲ အချိန်မှစပြီး အင်းစိန်ကမ်းနားရှိ Spring Line Condominium ရှေ့မှာလည်း စစ်ခွေး ရဲခွေးများ အင်းစိန်မှ လှိုင်သာယာဘက်အသွား လမ်းတခြမ်းကို ဝါးလုံးများ သံဆူးကြိုးများဖြင့် ပိတ်နေတယ်။ စစ်ဆေးရေး လုပ်နေတယ်။ ကားတွေ စက်ဘီးတွေ ဘာမှပေးမသွားပါ။ဘာစစ်ဆေးမှန်းတော့ မသိပါ” ဟု အင်းစိန်မြို့နယ်၊ ပေါက်တော၀တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်တံတားပေါ်တွင်လည်း စစ်တပ်က ပိတ်ဆို့ထားကြောင်း၊ ကားများ ဖြတ်သန်းခွင့်မပေးဘဲ တောက်လျှောက် ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“လှိုင်သာယာဘက်မှာ ဘုရင့်နောင်တံတားပေါ်ကို တံတားပေါ်တေကို ကားတေ ဖြတ်သန်းခွင့်မပေးတော့ဘဲ တောက်လျှောက်ပိတ်ဆို့စစ်ဆေးမှုတေ လုပ်နေတယ်။ အောင်ဇေယျတံတားရော ဘုရင့်နောင်တံတားဘက်မှာရော ပိတ်တာလို့သိရတယ်။ ဖြတ်သန်းသွားတဲ့ သူတေကို အလုပ်တို့ နေရပ်လိပ်စာတို့ကို မေးတယ်။ ကားတွေထဲမှာ အကုန်ရှာနေတယ်။ ဘာသတင်းရလို့လဲမသိဘူး” ဟု ဖြတ်သန်းသွားလာနေသည့် တက္ကစီဆရာတစ်ဦးက ရှင်းပြသည်။

ထို့အတူ ရွှေပြည်သာတံတား ဒညင်းကုန်း၊ စော်ဘွားကြီးကုန်းတွင်လည်း ကားများပိတ်ဆို့နေပြီး လိုင်းကားများနှင့် ခရီးသည်တင်ကားများကို ကားပေါ်ထိ စစ်တပ်က တက်ရောက်စစ်ဆေးနေကြောင်း သိရှိရသည်။

“အခု အစစ်ဆေးကြမ်းနေတယ်။ အခုချိန်အထိ ကားတွေကလည်း သွားမရဘဲတန်စီးပိတ်မိနေပါတယ်။ PDF သတင်းရလို့ စစ်ဆေးတာလို့ ပြောနေကြတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article