35 C
Yangon

မြန်မာဘက်မှ ပစ်ခတ်လိုက်သော သေနတ်ကျည်က ထိုင်းနေအိမ်တစ်ခုအတွင်းသို့ ရောက်ရှိ၊ မြန်မာစစ်ဘေးရှောင် ပြည်သူများကို ထိုင်းစစ်တပ်နှင့်ရဲများက လက်ခံကူညီပေးနေ

Must read

မြန်မာဘက်မှ ပစ်ခတ်လိုက်သော သေနတ်ကျည်က ထိုင်းနေအိမ်တစ်ခုအတွင်းသို့ ရောက်ရှိ၊ မြန်မာစစ်ဘေးရှောင် ပြည်သူများကို ထိုင်းစစ်တပ်နှင့်ရဲများက လက်ခံကူညီပေးနေ

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သော လက်နက်ငယ်ကျည်တချို့သည် ထိုင်းဘက်အခြမ်းရှိ နေအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်လာကြောင်း Mae Sot Media က သတင်းဖော်ပြသည်။

ယနေ့ နံနက်ပိုင်း မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေရာ ထိုင်းဘက်သို့ လက်နက်ကျည်များကျရောက်မှုများရှိနေရာမှာ ထိုင်းပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ လက်နက်ငယ်ကျည်တစ်သောင့် ဝင်ရောက်လာကြောင်း၊ ယင်းကျည်သည် ပြတင်းပေါက်သို့ ဖောက်ထွင်းခဲ့သော်လည်း တစ်စုံတစ်ဦးမှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

မြန်မာဘက်အခြမ်း ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားအနီးတွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှလည်း တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲလျက်ရှိကြောင်း၊ တိုက်ပွဲများကြောင့် ထွက်ပြေးလာသာ စစ်ဘေးရှောင် ဒုက္ခသည်များကို ထိုင်းစစ်တပ်နှင့်အာဏာပိုင်များက စတင်လက်ခံ ကူညီပေးနေကြောင်း သိရှိရသည်။

“အခုကတော့ စစ်ဘေးရှောင်တွေ သောင်ရင်းမြစ်ဖြတ်ပြီး ပြေးတာတွေအကုန် ထိုင်းဘက်က ကူပေးနေတယ်။ နေရာချထားပေးနေတယ်။ ဒီဘက်မှာလည်း တိုက်ပွဲက မရပ်သေးဘူး။ တဒုန်းဒုန်းတဒိုင်းဒိုင်းပဲ ပစ်နေကြတယ်။ စစ်ကောင်စီကင်းထောက် လေယာဉ်တွေလည်းလာတယ်။ အခုဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေလည်း တက်လာတယ်ဆိုတဲ့သတင်းတွေ ရထားလို့ အကုန် ထိုင်းဘက် ပြေးနေကြတာ” ဟု မြ၀တီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article