38 C
Yangon

မြစ်ကြီးနားအကျဉ်းထောင်အတွင်းသို့ စစ်သား၊ ရဲများ ဝင်ရောက်ပြီး ပစ်ခတ်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၂ ဦးအပါအဝင် ၄ ဦးသေဆုံး၊ စစ်တပ်က ရည် ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့

Must read

မြစ်ကြီးနားအကျဉ်းထောင်အတွင်းသို့ စစ်သား၊ ရဲများ ဝင်ရောက်ပြီး ပစ်ခတ်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၂ ဦးအပါအဝင် ၄ ဦးသေဆုံး၊ စစ်တပ်က ရည် ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့

ရန်ကုန်၊ ဧပြီ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်အတွင်းသို့ စစ်သား၊ ရဲ များဝင်ရောက်ပစ်ခတ်မှု ကြောင့် နိုင်ငံရေးအကျဉ်း သား၂ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် – PPNM နှင့် အကျဉ်းထောင်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီပေးသည့် လျော့ရက် ခံစားခွင့် ၆ ပုံ ၁ ပုံတွင် အကျုံးဝင်သော်လည်း လွတ်‌မြောက်သည့်အထဲတွင် မပါဝင်သည့် အတွက် အ ကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများအချင်းများရာမှ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆန္ဒပြမှုကို ဖြိုခွင်းရန်အတွက် ရဲနှင့်စစ်သားအင်အား ၇၀ သည် ယာဉ်တန်း ၅ စီးဖြင့် အကျဉ်း ထောင်အတွင်းသို့ ဝင်ရောက်ကာ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်မှစတင်၍ လက်နက်ငယ်များဖြင့် အချက်ရေ ၁၀၀ ထက်မနည်း ပစ်ခတ်ဖြိုခွင်းခဲ့ရာ နိုင်ငံရေးအကျဉ်း သား ၂ ဦးအပါအဝင် အကျဉ်း သား ၄ ဦးသေဆုံးကြောင်း၊ထို့အပြင် အကျဉ်းသား ၅ ဦးခန့်သည် အသက်အန္တရာယ်စိုးရိမ်ရသည့် အ ခြေအနေဖြင့် ရင်ဆိုင်နေရပြီး ၁၀ ဦးကျော်သည်လည်း ဆေးဝါး ကုသရန် အရေးပေါ်လိုအပ်လျက်ရှိ ကြောင်း သိရသည်။

“လက်နက်မဲ့တဲ့ သံတိုင်ကြားက အကျဉ်းသားတွေကို အကျဉ်းဦးစီးဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေက အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို အသိပေးချင်ပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM မှကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ထိတိုင်အောင် အကျဉ်းထောင်အတွင်းမှ လူနာတင် ယာဉ်များဖြင့် အကျဉ်းသားများကို ခေါ်ထုတ်နေဆဲဖြစ်ပြီး လက်ရှိ ဒဏ်ရာရသူ(သို့) သေဆုံးသူများ ကို မြစ်ကြီးနားမြို့ရှိ မီးသတ်ကားများဖြင့် သယ်ထုတ်လျက်ရှိကြောင်း၊ မြစ်ကြီးနားအကျဉ်းထောင် အတွင်းမှ သယ်ထုတ်သွားသူများကို ဆေးရုံသို့ ပို့ဆောင်ခြင်းမရှိပဲ စစ်တပ်ဝန်းအတွင်းရှိ စစ်ဆေးရုံသို့ သယ်ဆောင်သွားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန် ရက် (PPNM) က ထုတ်ပြန်ထားသည်။

လက်ရှိထုတ်ပြန်ချိန်အထိ အကျဉ်းထောင်တွင်း လုံခြုံရေးအား အင်အားတိုးချထားပြီး မြစ်ကြီးနား အကျဉ်းထောင်အတွင်းဖြစ်ပေါ်နေသည့် သတ်ဖြတ်မှု ညှဉ်းပန်းမှုများအပြင်သို့ မပေါက်ကြားစေရန် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများ ပူးပေါင်းလုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း၌ အကျဉ်းသားများကို အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းပစ်ခတ်မှုကို မြစ်ကြီးနား ခရိုင် ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ကာ လုပ်ဆောင်ခဲ့‌ခြင်းဖြစ်‌ကြောင်း သိရသည်။

အကျဉ်းထောင်သတင်းရင်းမြစ်တစ်ခုက သေဆုံးသွားသော နိုင်ငံရေးအကျဉ်းသား ၂ ဦးမှာ ကိုအောင်နိုင်ထွန်း (ဘ) ဦးဌေးရွှေအသက် ၂၂ နှစ် ပုဒ်မ ၅၀၅ (က)/၁၉-က လက်နက်မှုများဖြင့် ထောင်ဒဏ် ၅ နှစ်၊ ကိုကျော်စိုး၀င်း အသက် ၂၇ နှစ် ၊ ပုဒ်မ ၅၄ (က) ထောင်ဒဏ် ၁၀နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article