39 C
Yangon

စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ပွဲဖြစ်ပွားရာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်ကို ဗုံးကျဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေ

Must read

စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ပွဲဖြစ်ပွားရာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်ကို ဗုံးကျဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဧပြီ ၂၀

အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသော မြ၀တီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေး တံတားပတ်ဝန်းကျင်ကို တိုက် ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း မြ၀တီစစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့်ထိုင်းသတင်းမီဒီယာတချို့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

“တိုက်လေယာဉ်ရော၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ရော လာပစ်နေတာ။ ရဟတ်ယာဉ်က ၁၁ နာရီကျော်လောက်မှာ အမှတ် ၂ တံတားနားကိုပဲ ပျံဝဲပြီး ဗုံးကျဲလိုက် စက်သေနတ်နဲ့ ပစ်လိုက် လုပ်နေတယ်။ ဆက်တိုက်ကိုပစ်နေတာ။ တိုက်လေယာဉ်တွေကတော့ မြ၀တီမြို့ပြင်ဘက်ကို ဗုံးကျဲတာတွေရှိတယ်” ဟု မြ၀တီမြို့ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် သောင်ရင်းမြစ်ကမ်းဘေးတွင် ရှိနေကြသော မြန်မာစစ်ရှောင် ပြည်သူများမှာလည်း ထိုင်းဘက်အခြမ်းသို့ အဆက်မပြတ် ကူးနေကြကြောင်း သိရှိရသည်။

” အခု မနက် ၁၁ နာရီ ဝန်းကျင်မှာ ဂျက်လေယာဥ်ရော၊ ရဟတ်ယာဉ်ရော ပစ်နေ လို့ ပြည်သူတွေအကုန် ထိုင်းဘက် ကူးကုန်ကြပြီ” ဟု စစ်ဘေးရှောင် ကူညီရေးသမားတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၏ ပစ်ခတ်မှု မြင်ကွင်း။(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် #ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ပွဲဖြစ် #အမှတ် ၂ ချစ်ကြည်ရေးတံတား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article