34 C
Yangon

မုံရွာမြို့နယ်၊ ကူးတို့ကုန်းရွာနှင့် ပလောင်ရွာ အကြားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၅၂ နှစ် အရွယ် ဦးမိုးဦး သေဆုံး

Must read

မုံရွာမြို့နယ်၊ ကူးတို့ကုန်းရွာနှင့် ပလောင်ရွာ အကြားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၅၂ နှစ် အရွယ် ဦးမိုးဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကူးတို့ကုန်းရွာနှင့် ပလောင်ရွာ အကြားကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၅၂ နှစ် အရွယ် ဦးမိုးဦး သေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ အရှေ့ ကဘက်ကမ်းရှိ အကြမ်း စစ်တပ်က ကူးတို့ကုန်းရွာနှင့် ပလောင်ရွာ အကြားကို လက်နက်ကြီးများဖြင့် ပစ်တ်ခြင်းကြောင့် ပလောင်ရွာတွင် နေထိုင်သော အသက် ၅၂ နှစ်အရွယ် ဦးမိုးဦး လက်နက်ကြီးကျည် ထိမှန်ပြီး ဦးခေါင်းနှင်ဂုတ် တို့တွင် ထိခိုက် ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဦးမိုးဦးသည် တောင်ယာလုပ်ကိုင်သူဖြစ်ပြီး မိသားစုဝင် ၇ ဦးကျန်ရှိခဲ့ကြောင်းသိရှိရသည်။

“ဒီနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က နွားကျောင်းထွက်လာတဲ့အချိန် စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်တာ လက်နက်ကြီးကျည်က ကူးတို့ကုန်းရွာနဲ့ ပလောင်ရွာ အကြားကို ကျပြီး အသက် ၅၂ နှစ်အရွယ် ဦးမိုးဦး လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၆ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ ကူးတို့ကုန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ကျေးရွာနေ ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကူးတို့ကုန်းရွာနှင့် ပလောင်ရွာ #စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article