39 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးက ကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော် ရဲ့ ကာမလိမ်လည်မှုနဲ့ အဓမ္မပြုကျင့်မှု သတင်း ပေါက်ကြားတဲ့တွက်ဆိုပြီး သင်တန်းသူ ရဲမေအားလုံးရဲ့ ဖုန်းတွေ အကုန်လုံးကို စစ်ဆေးဖို့ တောင်းယူနေတယ်လို့ အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းရဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ အကြမ်း ဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင် စီ တပ်က တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ပါ တောက်လျှောက် ဗုံးကျဲတိုက်ခိုက် ခဲ့သလို ၊ တိုက်ပွဲ ဖြစ်ပွားမှုအတွင်း မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ငယ် ကျည်ဆံဟာ ထိုင်းဘက်အခြမ်းက နေအိမ် ၁ ခုအတွင်း ဝင်ရောက်လာတယ်လို့ Mae Sot Media က သတင်းဖော်ပြထားပါတယ်။
  • မြစ်ကြီးနား အကျဉ်းထောင်အတွင်းကို အကြမ်းဖက် စစ်ကောင်စီတပ်သား နဲ့ ရဲတွေ ဝင်ရောက် ပစ်ခတ်မှု ကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦးအပါအဝင် အကျဉ်းသား ၄ ဦး သေဆုံးသွားတဲ့အပြင် ၁၀ ဦးထက်မနည်း ဒဏ်ရာ တွေရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article