28 C
Yangon

မြဝတီမြို့မှ မဲဆောက်ဘက်ကို စစ်ဘေး တိမ်းရှောင်လာသူ ပြည်သူ ၂၀၀၀ ဝန်းကျင်ခန့် ရှိလာ၊ စစ်ရှောင် အရေအတွက် ထပ်တိုး ဖွယ်ရှိ

Must read

မြဝတီမြို့မှ မဲဆောက်ဘက်ကို စစ်ဘေး တိမ်းရှောင်လာသူ ပြည်သူ ၂၀၀၀ ဝန်းကျင်ခန့် ရှိလာ၊ စစ်ရှောင် အရေအတွက် ထပ်တိုး ဖွယ်ရှိ

ရန်ကုန်၊ ဧပြီ ၂၀

မြဝတီမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြဝတီမြို့ ဘက်မှ မဲဆောက်ဘက်ကို သောင်းရင်းမြစ်ဖြတ်၍ ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ဝန်းကျင်ခန့် ရှိပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ မြဝတီမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် မြဝတီမြို့ဘက်ခြမ်းမှ မဲဆောက်မြို့ဘက်ကို ပြည်သူ အများအပြား လှေများဖြင့် ကမ်းကူးလာနေပြီး ထိုင်းစစ်သားများက လက်ခံပေးကာ စစ်ဘေးရှောင်များ နေထိုင်ရန် ပြင်ဆင်ထားသည့် ဘုန်းကြီးကျောင်းများကို ဆက်သွယ်၍ ပို့ဆောင်ရန် စီစဉ်ပေးနေကြောင်း သိရသည်။

“စစ်ရှောင်တွေကို ကျွေးဖို့ တစ်ပတ်စာတော့ အဆင်ပြေတယ်။ အဲဒီနောက်ပိုင်းကတော့ Coummunity ကတော့ ဝင်ကူရလိမ့်မယ်။ တိုက်ပွဲထပ်ပြီး ကြီးလာမှာဆိုရင် စစ်ရှောင် အရေအတွက် ထပ်များလာမှာပါ” ဟု စစ်ဘေးရှောင်ကူညီပေးသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထိုင်းအစိုးရအနေဖြင့် စစ်ဘေးရှောင်များကို လက်ခံပေးနေပြီး စစ်ရှောင် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု ထောက်ပံ့မည်ရန်ပုံငွေရှိထားသော်လည်း မည်သို့ အသုံးပြုမည်ကို မသိရှိရသေးကြောင်း၊ တိုက်ပွဲများ ဆက်ရှိနေပါက စစ်ရှောင်များ ယခုထက်ပို၍ များပြားလာမည်ဖြစ်ဆိုပါက နေရေးစားရေးအခက်အခဲများရှိလာမည်ဖြစ်ပြီး အကူအညီများ လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ငြိမ်သက်၍ မြဝတီမြို့ဘက်ကို ပြန်ရောက်သည့်အခါတွင်လည်း ပြည်သူများ၏ နေရာများ ပျက်စီးဆုံးရှုံးနေမှုများ ရှိနိုင်သည့်အတွက် အဆိုပါ အခက်အခဲများအတွက်လည်း အကူအညီများ လိုအပ်လာနိုင်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြဝတီမြို့မှ မဲဆောက် #စစ်ဘေး တိမ်းရှောင် #စစ်ရှောင် အရေအတွက် ထပ်တိုး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article