35 C
Yangon

မြ၀တီတွင် စစ်ဘေးရှောင် ကား ၂ စီးအပေါ် စစ်တပ်က ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံးမှုများပြား၊ ယခုည စစ်တပ်က တိုက်လေယာဉ်များဖြင့် တောက်လျှောက် ဗုံးကျဲနေ၍ ပြည်သူ့နေအိမ်များ မီးလောင်ကျွမ်း

Must read

မြ၀တီတွင် စစ်ဘေးရှောင် ကား ၂ စီးအပေါ် စစ်တပ်က ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံးမှုများပြား၊ ယခုည စစ်တပ်က တိုက်လေယာဉ်များဖြင့် တောက်လျှောက် ဗုံးကျဲနေ၍ ပြည်သူ့နေအိမ်များ မီးလောင်ကျွမ်း

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ စစ်ဘေးရှောင် ကား ၂ စီးအပေါ် စစ်တပ်က ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံးမှုများပြားကြောင်း မြ၀တီမြို့မှ စစ်ဘေးရှောင်များကို ကူညီပေးနေသော ပရဟိတသမားတချို့ထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်း အမှတ် ၂ တံတားအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွား၍ ဒေသပြည်သူများက ကားများ ၊ ဆိုင်ကယ်များဖြင့် ထွက်ပြေးကြကြောင်း၊ ယင်းသို့ ထွက်ပြေးစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာ စစ်ဘေးရှောင် ကား ၂ စီး ထိမှန်ခဲ့ကြောင်း၊ ထို့ကြောင့် ကားပေါ်လိုက်ပါသော ကလေး အပါအဝင် စစ်ဘေးရှောင်ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း ၊ လက်ရှိအချိန်အထိ ထိုင်းဘက်ခြမ်းသို့ လူနာတင်ပို့မှု ၁၀ ဦးထက်မနည်းရှိနေပြီဖြစ်​ကြောင်း သိရှိရသည်။

“လေယဥ်နဲ့ အဆက်မပြတ်ဘဲ ဗုံးတွေကျဲနေတာ။ မနက်ကနေ အခုညအထိပဲ။ အရပ်သား ထိခိုက်သေဆုံးမှု အရမ်းများပါတယ်။ တချို့နေရာတွေက ဝင်လို့မရဘူး။ သွားလို့မရဘူး။ အခုက ပြေးလာနိုင်တဲ့သူတွေကိုပဲ ကယ်ဆယ်ရေးလုပ်လို့ရတာ။ ရွာတွေထဲအထိ သွားလို့မရသေးဘူး။ အရပ်သား ကား ၂ စီး ကျည်ထိမှန်တာရှီတယ်။ ရဟတ်ယာဉ်နဲ့ပစ်လို့ အရပ်သား စစ်ဘေးရှောင်တွေ သေတာရှိတယ်။ အခုထိ အသောက်ပျောက်စာရင်းကို လုပ်လို့မရသေးဘူး။ ထိုင်းဘက်ခြမ်း ကို ပရဟိတလူနာ တင်ကားတွေနဲ့ အဆက်မပြတ်ပို့ပေးနေတယ်။ လက်ရှိ လေယာဉ်နဲ့ဗုံးကျဲလို့ မီးလောင်တာက အမှတ် ၂ ရပ်ကွက်ထဲ ထိမီးလောင်နေတယ်။ လက်ခတ်တောင်ဘက်နဲ့ မြ၀တီမြို့ကို စစ်တပ်က ဗုံးကျဲနေတယ်” ဟု မြ၀တီမြို့မှ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်အခြမ်းသို့ မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်လာကြောင်း၊ ထိုင်းစစ်တပ်နှင့် ထိုင်းအာဏာပိုင်များက နေရာချထားပေးသော်လည်း လက်ရှိအချိန်အထိ ထိုင်းဘက်ခြမ်းသို့ သောင်ရင်းမြစ် ဖြတ်သန်းကူးရန် ကြိုးပမ်းနေသည့် မြန်မာပြည်သူအများအပြား ရှိနေကြောင်း သိရှိရသည်။

“တချို့နေရာတွေမှာ ထိုင်းစစ်တပ်က သောင်ရင်းမြစ်ကို ပေးဖြတ်ပြီး မကူးတော့လို့ မြစ်ကမ်းနဖူးမှာ သောင်တင်နေတဲ့ ဒုက္ခသည်တွေလည်း အများကြီးရှိနေတယ်။ ထမင်းမစားရသေးဘူး။ တစ်နေကုန် ပြေးနေကြလို့ ဒုက္ခသည်တွေက ။ အခြေအနေက ကူညီကယ်ဆယ်ရေးအပြင် ရေနဲ့ ထမင်းထုပ်တွေပါ ဝေဖို့ လိုနေတယ်” ဟု စစ်ဘေးရှောင် ကူညီရေး ပရဟိတ သမားတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်၍ ပေါက်ကွဲမှုများဖြစ်ပါ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်က တိုက်လေယာဉ် #စစ်တပ်က ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article