31 C
Yangon

ရေတာရှည်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီး၍ စစ်ထဲပို့ဆောင်နေသူ ရာအိမ်မှူး ၂ ဦး ရဲစခန်းအနီးတွင်ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေတာရှည်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီး၍ စစ်ထဲပို့ဆောင်နေသူ ရာအိမ်မှူး ၂ ဦး ရဲစခန်းအနီးတွင်ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်း ဆီး၍ စစ်ထဲပို့ဆောင်နေသူ ရာအိမ်မှူး ၂ ဦး ရဲစခန်းအနီးတွင်ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၁၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် ရေတာရှည်မြိုနယ် ၊ ရေတာရှည်မြို့မရဲစခန်းအနီး ကရင်ချောင်းလမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော နတ်စင်ကျေးရွာ ရာအိမ်မှူး နိုင်အောင်ဇင်၊ ကဲလင်းကုန်းကျေးရွာ ရာအိမ်မှူး သောင်းနိုင်ဦးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၊ ၎င်းတို့နှစ်ဦးသည် ကဲလင်းကုန်းကျေးရွာမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဧပြီလ ၁၉ ရက်နေ့ ည ၆ နာရီကနေ ည ၁၁ နာရီအထိ ရေတာရှည်မြို့ပေါ်မှာ လူငယ်တွေ စစ်မှုထမ်းဥပဒေအရ စစ်ထဲထည့်ဖို့ လိုက်လံဖမ်းဆီးနေတဲ့ ရာအိမ်မှူး ၂ ဦးကို ပစ်ခတ်တာရှိတယ်။ အဲဒီ ၂ ဦးက ၂ ရက်ဆက်တိုက် မြို့ပေါ်မှာ လူငယ်တွေကို လိုက် ဖမ်းတာ။ အခုတော့ လူငယ်တွေဘက်က ဝမ်းသာနေကြတယ်။ ဒီနှစ်ဦးသေသွားတာ အခြား အုပ်ကြီးနဲ့ ရာအိမ်မှူးတွေလည်း လန့်ကုန်ကြလို့ “ဟု ရေတာရှည်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ရာအိမ်မှူး ၂ ဦး အသတ်ခံရသည့်အတွက် နတ်စင်ကျေးရွာနှင့် ကဲလင်းကျေးရွာမှ NLD ပါတီထောက်ခံသူများကို ပစ်မှတ်ထား စစ်ဆေးမှုများ လုပ်ဆောင်နေကြပြီး လူငယ်များမှာလည်း ဖမ်းဆီးခံရမည်စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရေတာရှည်မြို့နယ်တွင် သေဆုံးနေသော ရာအိမ်မှူး ၂ ဦး၏ အလောင်း ဓာတ်ပုံကို စစ်တပ်လော်ဘီPage များက ထုတ်ပြန်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article