28 C
Yangon

ကောလင်းမြို့အနီး တိုက်ပွဲတွင် စစ်သားအလောင်း ၈ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိပြီး PDF ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး တိုက်ပွဲတွင် စစ်သား ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းက တရားဝင်သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့် ကောလင်းမြို့မှထွက်လာသော စစ်ကောင်စီတပ် အင်အား ၈၀ ခန့်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ကောလင်းမြို့အရှေ့ဘက် တဇူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က ဒရုန်းတပ်အကူ ဟောင်ဝှစ်ဇာလက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူပေးခဲ့ပြီးအဆက်မပြတ်ထိုးစစ်ဆင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အထိနာနေချိန် မွန်းတည့် ၁၂နာရီအချိန်ခန့် မြို့တွင်းမှ စစ်ကူအင်အား ၈၀ ခန့်ရောက်ရှိလာပြီး တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် အချိန်ခန့်ဒဏ်ရာရ စစ် သားများကို ထမ်းပိုးပြီး စစ်တပ်ကကောလင်း မြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်ရာ စစ်သား အလောင်း ၈ လောင်း နှင့် လက်နက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article