29 C
Yangon

သံတွဲမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်၊ ခရီသည်တင် ယာဉ်မောင်း ၁ ဦး ကိုလည်း စစ်တပ်က ပစ်ခတ်

Must read

သံတွဲမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်၊ ခရီသည်တင် ယာဉ်မောင်း ၁ ဦး ကိုလည်း စစ်တပ်က ပစ်ခတ်

■ ဒေါ်မြရွာနှင့် ပုရစ်ရေကောက်ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့နှင့် ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် သံတွဲမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲများ ၂ ရက်ဆက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားနေရာများ အပြင် ဒေါ်မြရွာနှင့် ပုရစ်ရေကောက်ရွာတို့ကို စစ်ကောင်စီကို လက်နက်ကြီး၊ လေကြောင်းနှင့် အတွဲလိုက် ဒုံးများဖြင့်ပါ ပစ်ခတ်နေခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး ကျေးရွာထဲ၌ ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အစပ်တွင် သွားလာ လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရခိုင်တပ်တော်တို့ ဒေါ်မြကျေးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရခိုင်တပ်တော်ကလည်း သူဌေးရေအား လျှပ်စစ်စီမံကိန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ဒေါ်မြရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် စစ်တပ်က လေကြောင်းပစ်ကူပေးခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ တိုက်ပွဲအတွင်း ခရီးသည်တင် ကား ၁ စီးသည် တောင်ကုတ်-သံတွဲ လမ်းမအတိုင်း ဒေါ်မြကျေးရွာအနီး ဖြတ်သန်းသွားစဉ် အကြမ်းဖက် စစ်သားများက ယာဉ်မောင်းဖြစ်သူ ကိုစိုးသူကို ပစ်သတ်ခဲ့ပြီး ကားပေါ်ပါလာသည့် ခရီးသည် ၅ ဦး ထက်မနည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားတဲ့ ကိုစိုးသူရဲ့ ရုပ်‌အလောင်း ဒီနေ့ နံနက် ၁၀ နာရီခွဲခန့်မှာ အံတော်ရွာက သူ့နေအိမ်ကို လာပို့သွားတယ်။ လက်မောင်း၊ ပေါင်နဲ့ နှဖူးမှာ သေနတ်ထိမှန် ဒဏ်ရာတွေတွေ့ရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် သံတွဲမြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က လုံခြုံရေး ယခင်ထက် ၅ ဆခန့် တိုးမြှင့်ကာ ဂိတ်များတိုးချဲ့ပြီး ဒေသ ပြည်သူများကို စစ်ဆေးရေးမှုများ အလွန်တင်းကျပ်နေကြောင်း သိရသည်။

FILE – Myanmar Air Force Jet fighters drop bombs during military exercises Friday, Feb. 2, 2018, in Ayeyarwaddy delta region, Myanmar. In a report released Thursday, Nov. 3, 2022, Amnesty International is urging suppliers of aviation fuel to Myanmar to suspend such shipments to prevent the military from using them to conduct air attacks on civilian targets as the number of bombings has increased. (Lynn Bo Bo/Pool via AP, File)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article