29 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကျွန်းတောကုန်းကျေးရွာမှာ အသက် ၃၀ အရွယ် ကလေးအဖေ မုဆိုးဖို ကိုဌေးဌေးအောင်ဆိုတဲ့သူကို အကြမ်းဖက် စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အတွက် နေအိမ်မှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးတည်း မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာ နိုင်ငံတစ်ဝန်းမှာ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် တပ်သားသစ် စုဆောင်းလို့မရတဲ့အတွက် ဆိုပြီး စစ်ကောင်စီက လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးတာတွေ ပေါ်တာဆွဲတာတွေ လုပ်ဆောင် နေပြန်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်းက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကားတစ်စီးကို တော်လှန်ရေးတပ်တွေက ဖျက်အားပြင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article