28 C
Yangon

သံတွဲမြို့နယ်၊ စရုတ်ရွာဟောင်းတွင် AA နှင့် စစ်တပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေဆုံး

Must read

သံတွဲမြို့နယ်၊ စရုတ်ရွာဟောင်းတွင် AA နှင့် စစ်တပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ စရုတ်ရွာဟောင်းတွင် ရခိုင့်တပ်တော် -AA နှင့် အကြမ်းဖက် စစ်တပ် တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၆ နာရီခန့်က သံတွဲမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ စရုတ်ရွာဟောင်းတွင် ရခိုင့်တပ်တော် – AA နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မွန်းတည့် ၁၂ နာရီ ခန့်၌ သံတွဲမြို့နယ်၊ ရွှေလှံတံတားအကျော် ဒေါ်မြရွာဟောင်းကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲမှာ စစ်သား ၃၀ ကျော်သေတယ်၊ သံတွဲနဲ့ရွှေလှေကြား သံတွဲကနေ ၁၀ မိုင်ခန့် အကွာ ကွေ့ချောင်းတဖက်ကမ်း စရုတ်ဆိုတဲ့ရွာဟောင်းမှာဖြစ်တာ။ လက်နက်ကြီးသံနဲ့ အတွဲ လိုက် ပစ်တဲ့အသံတွေ ၅ မိုင်ဝန်းကျင်က အတိုင်းသားကြားနေရတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ရွှေလှေတံတားအကျော်မှာရှိတဲ့ ဒေါ်မြရွာဟောင်းဘက်မှာ ဂျက်တိုက်လယာဉ်နဲ့ လာပြီး ဗုံးကျဲခဲ့ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်မှ စစ်သားများသည် ငပလီ အခြေစိုက် ခမရ ၅၆၆ တပ်ရင်းမှ အကြမ်းဖက် စစ်သားများဖြစ်ပြီး ယနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းကလည်း တပ်မ ၅၅ မှ အကြမ်းဖက်စစ်သား ၆၀ ခန့်အင်အားဖြည့် တင်းထားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီကျော်ကလည်း ငပလီဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် က လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကျဲမှုရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများလည်းကြား နေရ ကြောင်း၊ ယင်းတိုက်ပွဲကြောင့် ဒေသနေပြည်သူများမှာ စစ်ဘေးလွတ်ရာ ရွှေလှေကျေးရွာဘုန်းကြီး ကျောင်းအတွင်း၌ ခိုလှုံ နေကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article